Friday, February 9, 2018
A visit to the clinic in my hometown
အသက်ကလေး ရလာလို့လား မသိဖူး ခုနောက်ပိုင်း သွားလိုက်ရတဲ့ ဆေးခန်း၊ ရန်ကုန် ပြန်ရောက်ပြီးကတည်းက ဆေးခန်း ခနခန သွားရတယ်၊ ခြေထောက်အတွက် ပြရတာ ဆေးခန်းနှစ်ခု နေမကောင်းလို့ ပြရတာကလဲ နှစ်ခါ သုံးခါပဲ၊ ကြီးကြီးမားမား ရောဂါ မဖြစ်လို့ တော်သေးတယ်၊ ဟိုးအရင်တုန်းကဆို တော်တော် ကျမ်းမာတာ ၂၀၁၆ အထိ တစ်နှစ်လုံးမှ ဆေးခွင့်က နှစ်ရက် သုံးရက်ယူတာ ဒါတောင် နားချင်လို့ ချောင်းဆိုး လည်ချောင်းနာတာလောက်နဲ့ ယူလို့ မဟုတ်ရင် လိုတောင် မလိုဖူး၊ ၂၀၁၇ မှာတော့ တော်တော် ချူချာတယ် နှစ်လ တစ်ခါလောက် နေမကောင်းဖြစ်တယ် ဆေးခွင့် မယူလို့ကို မရတာ။ စလုံးက လူတွေရဲ့ ထုံးစံအတိုင်း သူများ ဟပ်ချိုးဆို ကိုယ့်ပါ ကူးတော့တာ၊ အလုပ်မှာ စိတ်ဖိစီးမှုများပြီး ပင်ပန်းတာကြောင့်လဲ ပါမယ်။ နေမကောင်း ဖြစ်တိုင်းလိုလို Throat infection ၀င်တာများတယ်။ ပေတေပြီး ဆေးခန်း မသွားရင် တော်တော်နဲ့ မပျောက်ဖူး ပိုပိုဆိုးလာတယ်။ အလုပ်ကလဲများတော့ ခွင့်တော်ရုံတန်ရုံ မယူဖြစ်ဖူး၊ လူတွေက နိုင်ငံခြားမှာ နေတဲ့သူဆို လစာတွေ အများကြီး အလကားနေရင်း ရပြီး အေးအေးသက်သာ လုပ်ရတယ် ထင်ကြတယ်၊ ကိုယ်တွေ ဘယ်လို ရုန်းကန်ရလဲဆိုတာ ဘ၀တူတွေပဲ သိတယ်။ နေမကောင်းလဲ စားစရာမရှိရင် အပြင် ကိုယ့်ဟာကိုယ် သွားဝယ်ရင်ဝယ် ဒါမှမဟုတ် ကိုယ့်ဘာသာကိုယ် ပြင်ရတယ် ဆေးခန်းသွားလဲ တစ်ယောက်တည်းသွား အိမ်အလုပ်လဲ ကိုယ့်ဘာသာကိုယ် ဖြစ်အောင် လုပ်ရတယ်။ နောက်ပြီးတော့ ကိုယ်တွေ အပြင်မှာ လျှောက်လည်နေတာတွေ ဈေးဝယ်ထွက်တာတွေ ခရီးသွားနေတာတွေပဲ မြင်ပြီး ဘ၀က အရမ်းလွယ်ပြီး သာယာတယ် ထင်နေကြတယ်။ မနှစ်တုန်းကဆို အလုပ်ထဲက သူငယ်ချင်းတွေနဲ့ အမြဲ လျှောက်သွားနေတာ၊ ဒါပေမယ့် အလုပ်လုပ်တဲ့ အချိန် သေအောင် လုပ်ရတာ ညဘက်တွေ တစ်ညလုံး မအိပ်ဘဲ လုပ်ဖူးတယ်၊ ပိတ်ရက်တွေပါ အပါ နေ့စဉ်ရက်ဆက် လုပ်ရတာတို့ ဘယ်သူမှ မသိကြဖူး။ မနှစ်က အလုပ်ထဲမှာ တော်တော် စိတ်ညစ်ရတာ။ ကိုယ်တစ်ယောက်တည်းမဟုတ်ဖူး တစ်ရုံးထဲ လုပ်တဲ့သူ အကုန်လုံးပဲ၊ ဒါပေမယ့် အဲဒီ ပြသနာတွေ online တက်ပြီးတော့ ပြောဖို့ စိတ်ကူးမရှိပါဖူး အဲလို လူတကာ သိအောင်ပြောပြီး attention ယူတာ သနားအောင် လုပ်တာ မှန်တဲ့ နည်းလမ်းလဲ မဟုတ် ဘာမှလဲ ပြေလည်သွားမှာမှ မဟုတ်တာ။ အဲလိုပြောလို့ နိုင်ငံခြားမှာ နေရတာ မကောင်းဖူးလို့ မဆိုလိုပါဖူး ကောင်းတာလေးတွေလဲ အများကြီးပါ။ အရေးကြီးတာ ကိုယ်နေရတဲ့ဘ၀မှာ ပျော်အောင်နေတတ်ရင် ပြီးတာပဲ။
ပြောရင်း ပြောရင်း မဆိုင်တာတွေ ရောက်ကုန်ပြီ .. ပြောချင်နေတဲ့ အကြောင်းက မွေးရပ်မြေ ပြန်တုန်းက ဆေးခန်းသွားပြတဲ့ အကြောင်းလေး၊ မပြန်ခင် တစ်ရက်နှစ်ရက်က လည်ချောင်း စနာတယ် သိပ်မဆိုးသေးတာရော အပြင်လဲ မထွက်ချင်တာနဲ့ ဆေးခန်းသွားမပြဖြစ်ဖူး။ ဟိုရောက်တော့ ပိုဆိုးလာတာနဲ့ ဆေးခန်းသွားပြလိုက်တယ်။ ကံဆိုးချင်တော့ အိမ်နဲ့ နီးပြီး ပြနေကျ ဆေးခန်းနဲ့ နောက်ဆေးခန်းတစ်ခုက ပိတ်ထားတယ်။ အဲဒါနဲ့ နောက် နီးတဲ့ တစ်ခု သွားလိုက်တယ်။ အဲဒီမှာ စတွေ့တာပဲ :D ဆရာဝန်ရှိတဲ့ အခန်းထဲ ၀င်သွားသွားချင်းတွေ့လိုက်တာက ပင့်ကူမျှင်တွေ အများကြီး တချို့ဆို အပေါ်တင် မကဖူး ကုတင် နားတောင် ရောက်ချင်နေပြီ ပြီးတော့ ဆေးတွေလား စာအုပ်တွေလားမသိတင် ထားတဲ့ ရှုပ်ရှက်ခပ်နေတဲ့ စားပွဲ တစ်လုံးလဲ တွေ့မိတယ် ထင်တာပဲ။ အထဲရောက်တော့ ကုတင်ပေါ်ထိုင်ခိုင်းပြီး ထုံးစံအတိုင်း သွေးပေါင်ချိန် နှလုံးခုန်သံ နားထောင်တယ် ဘာဖြစ်သလဲ မမေးသေးဖူး ကိုယ်လဲ ပြောခွင့်မရသေးဖူး၊ ဘာလို့ ဘာဖြစ်လို့ လာပြတာလဲ အရင် မမေးတာလဲ မသိဖူး။ ဟိုမှာဆို ဆရာဝန်နဲ့တွေ့တာနဲ့ ဘာဖြစ်လို့ လာပြတာလဲ အရင်မေးတာ။ သူစမ်းချင်တာ စမ်းပြီးတော့ ကိုယ်က sore throat ဖြစ်လို့လို့ ပြောလိုက်တယ်။ အဲဒီတော့ သူက ဟုတ်လားတဲ့ ခုတလော လူတိုင်းဖြစ်တယ်တဲ့ ကိုယ်က သူ့ကို သူ့မျက်စိနဲ့ စစ်စေချင်တာ ပါးစပ်တောင် ဟပေးနေပြီ. ဒါပေမယ့်သူက အေးဆေး မလိုဖူးတဲ့ လူတိုင်း ဖြစ်တာတဲ့ ဟင့်... :( ပြီးတော့ သူဆေးတွေထားတဲ့ စားပွဲထားပြီး ဆေးထိုးဖို့ ပြင်နေတယ် ကိုယ့်ကို ဘာမှ မပြောဖူးနော် ဆေးထိုးမယ်တို့ ဘာတို့ သူပြင်နေတာမြင်တော့ ကိုယ်လဲ အတော်လန့်သွားတယ် sore throat ဖြစ်လို့ ဆေးထိုးတာ တစ်ခါမှမှ မကြုံဖူးတာ။ အဲဒါနဲ့ အတင်း ငြင်းရတယ် ဆေးမထိုးချင်ဖူးလို့ ဒါပေမယ့် အာခေါင်နဲ့ လည်ချောင်းကိုတော့ ကြည့်ပေးပါလို့ အရင်က infection ၀င်ဖူးလို့ ပြန်ဖြစ်မှာ ဆိုးလို့ပါလို့ ဒါပေမယ့် သူက အတော် ခေါင်းမာတာ လုံးဝမကြည့်ဖူးချည်းပဲ လူတိုင်းဖြစ်နေတာ ဆိုပြီး ဆေးတွေ ပေးလိုက်တယ် ဆယ်ရက်စာတောင် (ပုံထဲမှာကြည့် ဆေးသုံးမျိုးကို ဆယ်ရက်စာ)၊ အရင်က ဒီထက်မကဆိုးတဲ့ အခြေအနေမှာ သွားပြတာတောင် အများဆုံး သုံးရက်စာပဲ ပေးတယ်၊ ခုတော့ တစ်ခါတည်း ဆယ်ရက်စာတောင်မှ၊ ကိုယ်က သူ့ကို ကြည့်စေချင်တာက အရင် ဆရာဝန်တွေဆို သေချာကြည့်ပေးတာ၊ sore throat ဖြစ်တာမှန်ပေမယ့် အဲဒါကို ဖြစ်စေနိုင်တဲ့ အကြောင်းရင်းက အများကြီးရှိတယ် infection ၀င်တာက အဲဒီထဲက အကြောင်းရင်းတစ်ခု. ကိုယ်က root ကိုလိုက်စေချင်တာ သူက ပြီးစလွယ် ကြည့်တောင် မကြည့်ဖူး ရက်ရက်ရောရော ဆေးတွေ ပေးပစ်တာ၊ ဈေးကတော့ သက်သာပါတယ် ၃၀၀၀ ပဲပေးခဲ့ရတယ်။ နောက် မကြိုက်တာတစ်ခုက ဆေးခန်းက လူနာပြတဲ့အခန်းရဲ့ ဘေးမှာ ဟာလာဟင်းလင်းကြီး အပြင်က ဖြတ်သွားတဲ့ လူတွေလဲ ကိုယ့်ကိုမြင်ရ ကိုယ်လဲ သူ့ကိုမြင်ရနဲ့ ဒီမိုကရေစီခေတ်မှာ အားလုံး ပွင့်လင်းမြင်သာမှု ရှိတယ်ပြောရမယ် :P အဲဒီဆေးတွေတော့ သောက်လဲ မသောက်ရဲတာနဲ့ မသောက်ခဲ့ဖူး။ အဲဒီဆေးခန်းကတော့ နောက်တစ်ခါ ဘယ်တော့မှ သွားမပြဖူး။ ကိုယ်က ခနခန ဖြစ်နေလို့ ကင်ဆာများ ဖြစ်ချင်နေပြီလား တွေးပူတာ သူက လက်လွတ်စပယ် လုပ်ရက်တယ်။  😓😢 ဘယ်ဆေးခန်းလဲ သိချင် တိုးတိုးတိတ်တိတ်လာမေးနော်။ ရန်ကုန်ပြန်ရောက်မှ အိမ်နဲ့နီးတဲ့ ဆေးခန်းသွားပြတာ အဆင်ပြေသွားတယ်။ ဆရာဝန်က သေချာကို စစ်ပေးတာ ပြီးတော့ infection ၀င်တာလို့ တန်းပြောတယ် ရှုင်းလဲ ရှင်းပြတယ် ဆေးလဲ လိုတာထက်ပိုမပေးဖူး။  ပထမ သုံးရက်စာ ပေးလိုက်တဲ့ ဆေးကုန်သွားတော့ ရှင်းရှင်း မပျောက်သေးဘဲ နှာစေေးနတာနဲ့ နှစ်ခါသွားလိုက်ရတယ်။ ခုတော့ နေကောင်းသွားလို့ လျှောက်သွားနေပြီ 😊
 အမိမြေက အတွေ့အကြုံလေးတွေပေါ့နော်... တော်သေးပြီ....
Sunday, January 14, 2018
Diary of My Broken Ankle
Day 39 (13-Jan-2018) Removed the plaster cast
My youtube history changed from music to this 😂
https://youtu.be/ZNRKWaGOILI
https://youtu.be/XHNzIZ2CNJI
ဗီယက်နမ်မှာတုန်းက ဆေးရုံသွားတဲ့ အတွေ့အကြုံလဲ ရေးရဦးမယ်၊ ပြန်ရောက်တည်းက ရေးမယ်ဆိုပြီး စာရေးဖို့ ပျင်းနေတာနဲ့ မရေးဖြစ်ဖူး ခရီးသွားမှတ်တမ်း ရေးတဲ့သူတွေအတွက် ရဖို့မလွယ်တဲ့ ကိုယ်တွေ့ အတွေ့အကြုံလေးတွေ 😜😜
Unicode
Day 39 (13-Jan-2018) Removed the plaster cast
မနေ့ကတော့ အမှတ်တရနေ့လေး တစ်နေ့ပေါ့နော် ... ခြေထောက် ဒဏ်ရာရပြီးကတည်းက ပတ်တီးကြီးနဲ့ မပေါ့မပါးနေခဲ့ရတာ မနေ့ကစပြီးတော့ လွတ်လွတ်လပ်လပ် ပြန်ဖြစ်သွားပြီ ☺️ ဆရာဝန်က ခြောက်ပတ်လောက်ဆို ပြန်လာပြ ဖြည်လို့ရလောက်ပြီဆိုလို့ ခြောက်ပတ်မပြည့်ခင် သုံးရက်အလို သွားပြလိုက်တယ် မနေနိုင်တော့လို့၊ ဒီရက်ပိုင်း ညဘက်အိပ်ခါနီးဆို ခြေချင်းဝတ်နားက ယားယားနေတာ နှစ်ည သုံးည ရှိပြီ၊ အစကတည်းက တော်တော်နဲ့ အိပ်မပျော်တတ်ပါဖူးဆိုမှ။ ရန်ကုန်ပြန်ရောက်စက ပြတဲ့ ဆေးခန်းမဟုတ်ပဲ လေ့ကျင့်ခန်းပါ လုပ်လို့ရတဲ့ ဆေးခန်းသွားပြတာ ကံကောင်းချင်တော့ ဆေးခန်းက သန့်ပြီး ဆရာဝန်ကိုရော ကိုယ့်ရှေ့ကလူနာတွေကိုရော သိပ်မစောင့်လိုက်ရဖူး၊ ကံဆိုးချင်တော့ သူတို့က ပတ်တီး ဖြည်မပေးဖူး ပတ်တီးဖြည်ပြီိးလို့ လေ့ကျင့်ခန်းလုပ်တဲ့အဆင့်မှ သူတို့ဆီ ပြန်လာခဲ့ပါတဲ့ ထူးထူးခြားခြားပဲ၊ သူတို့ဆီ လာတဲ့ လူနာတွေကို ပတ်တီးစီးပေးလိုက်တာတော့ တွေ့သားပဲ၊ သူတို့ ဆေးခန်းမှာ စဖြစ်စကတည်းက လာပြတဲ့လူ မဟုတ်လို့လားတော့ မသိဖူး။ ဘာမှသာ လုပ်မပေးလိုက်တာ စုစုပေါင်း ၁၃,၅၀၀ ပေးခဲ့ရတယ်၊ သူတို့ဆီမှာ လုပ်မပေးဖူးဆိုတာရယ် ခြေထောက်ပုံမှန်အတိုင်း ပြန်ဖြစ်အောင် လေ့ကျင့်ခန်း လုပ်ရမယ်ဆိုတာရယ် ဘယ်နေရာတွေမှာ သွားလုပ်လို့ရတယ်ဆိုတာရယ် ပြောပြပေးလိုက်လို့ 😜 ဆေးခန်းစရောက်ထဲက ကောင်မလေးတစ်ယောက်က စာရွက်လေးတွေ(သူတို့ စီးပွားရေးအတွက် ကြော်ငြာစာရွက်တွေ စားသောက်ဆိုင်ကပါသေးတယ်) လာပေးပြီး ပြောတယ် စာအုပ်ဖိုး ၁၅၀၀ ပေးရမယ်တဲ့ အိုကေ ပေးမယ်ပေါ့ ကိုယ်ကကိုယ့်ကို ဘယ်လောက်ကုန်မလဲ အသိပေးရုံမှတ်တာ ဘယ်ဟုတ်မလဲ ချက်ချင်းပေးရမှာတဲ့ ဖြစ်မှ ဖြစ်ရလေ ထွက်ပြေးသွားမှာ ကျနေတာပဲ ဒီက ဆေးရုံဆေးခန်းတွေမှာ ပိုက်ဆံကြိုပေးရတဲ့ ထုံးစံ ရှိတာလားတော့မသိ။ ၁၃,၅၀၀ ပေးရပြီး ဘာမှ လုပ်မပေးလိုက်ပေမယ့် ထမနဲ တစ်ဘူးတော့ ရလိုက်တယ် အလှုလုပ်နေတာတဲ့ လာတဲ့ လူနာတိုင်းကို ပေးနေတယ် ထမနဲလေးက ကောင်းမှကောင်း 😋 ကြိုက်တာ တစ်ခုကတော့ ဆက်ဆံရေးကောင်းတာပဲ ဝန်ထမ်းတွေရော ဆရာဝန်တွေရော ဝန်ဆောင်မှုကောင်းတယ်။ ဆရာဝန်ဆိုလဲ ပြုံးပြံုးရွှင်ရွှင်နဲ့ လူကို လူလို ဆက်ဆံတယ် တချို့ ဆရာဝန်တွေလို မမောက်မာဖူး American Vision က မျက်စိစမ်းပေးတဲ့ ဆရာဝန်မဆိုရင် မျက်နှာကျောကတင်း စကားပြောရင်လဲ အထက်စီးက သူ့ကို အလကား လာကုခိုင်းတာကျနေတာပဲ။ ပြံုးပြံုးရွှင်ရွှင်လေးပြောတော့ လူနာလဲ စိတ်ချမ်းသာတာပေါ့။
ပတ်တီးဖြည်ပြီးပေမယ့် လမ်းလျှောက်လို့ မရသေးဖူး ဆေးခန်းမှာ လျှောက်ကြည့်တာ တော်တော်နာတယ် ခေါင်းမူးပြီး အသက်ရှုမဝဖြစ်လာလို့ ခုတင်ပေါ် ခနလှဲပြီး နားလိုက်ရသေးတယ်။ အဲဒါနဲ့ ဆရာဝန်က နောက်နှစ်ပတ်လောက် လေ့ကျင့်ခန်းပဲလုပ် လမ်းမလျှောက်နဲ့ဦးလို့မှာထားတယ်။ ဒီမှာ ကုတဲ့နည်းစနစ်က ဒီလိုပဲ တစ်ကိုယ်လုံးက အလေးချိန်သုံးပြီး တန်းလမ်းလျှောက်ခိုင်းတာလားမသိ။ Forum တွေရယ် ကျမ်းမာရေးနဲ့ဆိုင်တဲ့ website တွေ ဝင်ဖတ်ကြည့်တော့ တခြားနိုင်ငံတွေမှာဆိုရင် ပတ်တီးဖြည်ပြီးရင် aircast/walking boot နဲ့ အရင်ကျင့်ခိုင်းတယ်။ အဲဒါလေးတွေက ကိုယ်အလေးချိန်ကို နည်းနည်းချင်းစီတိုးသွားပြီး လျှောက်လို့ရတယ်။ ဒီမှာတော့ အဲလို မလုပ်ခိုင်းဖူးထင်တယ်။ ဒီမှာ aircast ဝယ်လို့ရတဲ့ ဆိုင်/ဆေးခန်း သိရင်လည်း ပြောပြကြပါဦး ... 😁
Day 40 First day of full-body shower 😊
Nothing can make me happier than shower at the moment 
ဗီယက်နမ်မှာတုန်းက ဆေးရုံသွားတဲ့ အတွေ့အကြုံလဲ ရေးရဦးမယ်၊ ပြန်ရောက်တည်းက ရေးမယ်ဆိုပြီး စာရေးဖို့ ပျင်းနေတာနဲ့ မရေးဖြစ်ဖူး ခရီးသွားမှတ်တမ်း ရေးတဲ့သူတွေအတွက် ရဖို့မလွယ်တဲ့ ကိုယ်တွေ့ အတွေ့အကြံုလေးတွေ 😜😜
(မြန်မာလို စာလုံးပေါင်းတွေ မှားနေရင် ခွင့်လွှတ်ပါ 😁)
😂
အလွဲများနဲ့ မြန်မာပြည် ၁
Unicode
ဒီတစ်ခေါက် စင်္ကာပူကပြန်လာတော့ လေဆိပ်က လူဝင်မှုကြီးကြပ်ရေး မှာ ကြုံခဲ့ရတာလေး  
Immigration counter မှာ လွန်ခဲ့တဲ့ နှစ်လ သုံးလကမှ လုပ်ထားတဲ့ passport လေး ပေးလိုက်တော့  လူဝင်မှုကြီးကြပ်ရေး ၀န်ထမ်းက မေးတယ် နိုင်ငံကူးလတ်မှတ်အဟောင်း စာအုပ်ပြပါတဲ့၊ ခု သုံးနေတဲ့ စာအုပ်က အသစ်လုပ်ထားတာမကြာသေးဖူး၊ စာအုပ်အဟောင်းက ပါလာတယ် ဒါပေမယ့် လွယ်ထားတဲ့အိတ်ထဲက အလွယ်တကူ ထုတ်လို့ မရတာနဲ့ မပါဖူးပဲ ပြန်ဖြေလိုက်တယ်၊ အဲဒီတော့ သူ့မျက်နှာက စိတ်အလိုမကျတဲ့ ပုံစံမျိုးနဲ့ ဘာလို့ မပါရတာလဲ ဘာညာပေါ့နော် ရစ်တယ်၊ ဘာလို့ စာအုပ် အဟောင်းလိုတာလဲလို့ ပြန်မေးတော့ ချက်ချင်း ပြန်မဖြေဖူး သူ့ဟာသူ ဘာတွေ အလုပ်ရှုပ်နေတာလဲ မသိဖူး.. ခနနေမှ မြန်မာနိုင်ငံကနေ ဘယ်ရက်ထွက်သွားတယ် ဆိုတာ စာအုပ်အဟောင်းထဲက ကြည့့်မှ ရမှာတဲ့ အဲဒါနဲ့ သူ့ကို စာအုပ်အသစ်ထဲမှာ အရင် စာအုပ်အဟောင်းနံပါတ်ပါတယ်လို့ အဲဒါနဲ့ ပြန်စစ်ကြည့်လိုက်ပေါ့လို့ပြောလိုက်တယ် အဲဒီတော့မှ စာအုပ်ကို ဟိုလှန်ဒီလှန်နဲ့ ဆက်လုပ်တယ် ပြီးတော့ ပွစိပွစိနဲ့ သူက အလကားမေးတာ မဟုတ်ကြောင်း လိုလို့မေးတာ ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့ ပြောပြီးမှ stamp လေးပေးပြီး သွားခိုင်းတော့တယ်။ အရင်တုန်းကလဲ passport အသစ် လဲဖူးပါတယ်။ တစ်ခါမှ စာအုပ် အဟောင်းကို immigration မှာ ပြခိုင်းတာ မကြံုဖူးပါဘူး။ ခုမှဘာဖြစ်သွားလဲ မသိဖူး။ စာအုပ်အသစ်က ဘယ်စာအုပ်အဟောင်းအတွက် ထုတ်ပေးထားတယ်ဆိုတာ system ထဲမှာ ရှိသင့်တာပေါ့။ စင်္ကာပူမှာတုန်းက bank မှာ passport အသစ် သွား update လုပ်တော့ စာအုပ်နှစ်အုပ်လုံးပေးလိုက်တာ အဲဒီက ၀န်ထမ်းက မလိုဖူးတဲ့ နောက်ဆို စာအုပ်အသစ်ပဲ ယူလာ အဲဒီထဲမှာ အဟောင်းနံပါတ် ပါပြီးသားဆိုပြီးပြောတယ်။ အစိုးရရုံးတွေ လူဝင်မှုကြီးကြပ်ရေးတို့ MOM တို့ဆိုရင် online ကနေဖြည့်ပြီး တင်ပေးရုံပဲ လူတောင် သွားစရာမလိုဖူး၊ ကိုယ့်နိုင်ငံက ဆင်းရဲဲပြီး မဖွံဖြိုးသေးတဲ့ နိုင်ငံဆိုတော့ အဲလိုမျိုး စနစ်တကျ မရှိသေးတာကို လက်ခံလို့ ရပေမယ့် ကြိုပြီး အသိမပေးတာတော့ လက်ခံလို့ မရဖူး။ တကယ်လို့ စာအုပ်နှစ်အုပ်လုံး သယ်စေချင်တယ်ဆိုလဲ အသစ်လဲ ကတည်းက အဟောင်းကိုပါပြရမယ် ဆိုတာ အသိပေးထားရင် အဆင်ပြေသေးတယ်။ ခုတော့ ဘာမှန်းမသိ.ကိုယ်ပဲ တောသူရုပ်ပေါက်နေလို့ အချဉ်ဖမ်းပြီး ပိုက်ဆံတောင်းလို့ ရမယ် ထင်တာလား policy ပဲပြောင်းသွားတာလား မသိဖူး။ 
မကောင်းတဲ့အကြောင်းပြောပြီးသွားတော့ ကောင်းတာလေးလည်း ချီးကျူးမှဖြစ်မယ်။ ဗီယက်နမ်ကပြန်လာတုန်းက wheelchair လေးနဲ့ဆိုတော့ လေဆိပ်က ဆင်းကတည်းက ၀န်ထမ်းကောင်လေးတစ်ယောက်လာခေါ်ပြီး အိတ်တွေဘာတွေ ရွေးပေး ပြီးတော့ အရှေ့မှာ ကားရောက်တဲ့အထိ စောင့်ပေးတယ် ကားတွေက ပိတ်နေတော့ အကြာကြီးပဲ စောင့်နေရလို့ သူ့ကို tip လေးပေးလိုက်တာ ကိုယ့်ကို ကြည့်ပြီး သနားလို့ထင်တယ် မယူပါဖူး အစ်မရယ်တဲ့ ငြင်းနေတာနဲ့ မနည်းပေးလိုက်ရတယ်။ လေဆိပ်မှာ ဒီလို သဘောကောင်းတဲ့ ၀န်ထမ်းလေးတွေလဲ ရှိပါတယ်။ ဒါပေမယ့် wheelchair service ကအလကားရတာ မဟုတ်ဖူး AirAsia ကို ၁၅ ဒေါ်လာ ပေးပြီး ၀ယ်ထားရတာ။ :(
Tuesday, December 19, 2017
Setup Custom Domain Name on Blogger
I wanted to change my blog to my own domain since long time ago. But I was busy and I did not post anything new for many years anyway and it was not necessary. Since I have to stay at home for at least one and half month and nothing much to do, I decided to do it. Unfortunately, the domain name I wanted was already taken. My requirements were very simple 'must be cheap', 'should not be too mainstream like .com/net/info' and name should be something I like. Luckily, I found something I like at cheap price. I tried to register at GoDaddy but it took some time to finish it. Payment is always an issue in Myanmar. After a few failed attempts to pay with paypal, I changed the payment method and managed to pay with the card issued in Singapore. Then I configured to redirect to my original blog www.naychizaw.blogspot.com and set up the url in Blogger and Godaddy settings. I followed the steps in this blog. It's very old blog post and GoDaddy UI is quite different. The new UI is simpler and can be done in one page. I modified two CNAME value in this setting instead of following steps in "Setting up CNAME and A Record for BlogSpot Custom-Domain Name".
Finally, my new domain is ready to use. ;)
Tuesday, June 13, 2017
Android Issue - Unable to Instantiate Application
This issue(Unable to Instantiate Application - ClassNotFoundException)  can be occured by many reasons. Rood cause could be different package name in manifest file, unsupported architecture, missing libs, etc.
I faced the similar issue today. But it only happened when the app was installed by adb command. It worked fine if app's installed from Android Studio.
This is the error detail:
java.lang.RuntimeException: Unable to instantiate application com.demo.app: java.lang.ClassNotFoundException: Didn't find class "com.demo.app" on path: DexPathList[[zip file "/data/app/com.demo-1/base.apk"],nativeLibraryDirectories=[/data/app/com.vkey.demo/lib/arm, /data/app/com.demo-1/base.apk!/lib/armeabi-v7a, /vendor/lib, /system/lib]]
After I've read a few questions on Stackoverflow and tried a few ways, I found the solution on this page finally.  Thanks to Nick and Dileep Patel !!!
Solution is disabling Instant Run in Settings
  1. Open the Settings or Preferences dialog.
  2. Navigate to Build, Execution, Deployment > Instant Run.
  3. Uncheck the box next to Enable Instant Run.
References: https://developer.android.com and Stackoverflow
Tuesday, April 25, 2017
To The Land of Oz - 1
အိပ်ချိန်ရောက်မှ နည်းနည်း လေရှည်လိုက်ဦးမယ် 😴 မဟုတ်ရင် ရေးဖြစ်မှာကို မဟုတ်တော့ဖူး။
ဒီတစ်ခါ နောက်ဆုံးသွားဖြစ်တဲ့ ခရီးစဉ်က အရင် သွားဖူးတာတွေထက် ကိုယ့်အတွက် ပိုပြီး အမှတ်ရစရာတွေများတယ်။ ဘဝမှာ ပထမဆုံး အတွေ့အကြုံလေးတွေ, တစ်ယောက်တည်း သွားဖြစ်တဲ့ solo trip, အရှေ့တောင်အာရှကနေဘယ်မှ မသွားဖူးတဲ့တောသူဆိုတော့ SEA ထဲကမဟုတ်တဲ့ ပထမဆုံးရောက်ဖူးတဲ့ နိုင်ငံ, ခုနှစ်နာရီခွဲလောက်ကြာတဲ့ လေယာဉ်လဲ ခုမှစီးဖူးတာ (နာရီ ၂၀/၃၀ လောက်ကြာအောင်စီးရတဲ့နေရာမှာနေတဲ့လူတွေ မရယ်ကြနဲ့နော် 😜)။
ဒီခရီးသွားဖို့ စစိတ်ကူးပေါ်လာတာက မသွားခင် သုံးပတ်လောက်မှ. အဲဒီ မတိုင်ခင်က ဗီဇာလျှောက်ဖို့တောင် ဘာတွေလိုမယ် ဘယ်လောက်ကြာမယ်ဆိုတာ မသိဖူး. ခရီးသွားဖို့ ဘယ်လိုစီစဉ်တယ် ဘာတွေလုပ်ခဲ့တယ်ဆိုတာတော့ နောက်မှရေးတော့မယ်။ ခုပြောချင်တာက ဘာလို့ ဒီခရီးသွားဖို့ ရွေးလိုက်တာလဲဆိုတာရယ် ခရီးသွားပြီး ဘယ်လိုခံစားရလဲဆိုတာ share ချင်တာ။
Solo trip သွားချင်နေတာတော့ ကြာပြီ အခြေအနေ မပေးသေးတာနဲ့ မသွားဖြစ်တာ. အဓိကကတော့ အတွေ့အကြုံလိုချင်တာရယ် သူငယ်ချင်း/မိသားစုနဲ့ သွားရင် လူများစုလုပ်ချင်တာလုပ်ရတော့ ကိုယ့်ဆန္ဒနဲ့ ကိုယ် လုပ်တဲ့အချိန်နည်းသွားလို့ ကိုယ့်စိတ်ကူးနဲ့ ကိုယ့်အချိန်ဇယားနဲ့ကိုယ် သွားကြည့်ချင်တာ။ group နဲ့ သွားတာ မကောင်းဖူးလို့ ပြောတာမဟုတ်ဖူးနော် ဘယ်လိုနည်းနဲ့သွားသွား ကောင်းတာနဲ့ ဆိုးတာတော့တွဲနေတာပဲ။
Australia ကိုရွေးဖြစ်တာက ကိုယ်သွားချင်တဲ့အချိန်မှာ ရာသီဥတုကောင်းနေတယ် လေယာဉ်လတ်မှတ်ကလဲ တစ်လအတွင်း ကပ်ပြီးဝယ်တာတောင် ဈေးမကြီးလှဖူး, English speaking country လဲဖြစ်တယ် backpackr တွေအတွက် အဆင်ပြေတဲ့ environment လဲ ရှိတယ် အာရှနိုင်ငံ ဖြစ်ပေမယ့် တခြားအာရှနိုင်ငံတွေနဲ့ မတူတဲ့ ယဉ်ကျေးမှု ရှိတယ်. Urban life ကို ခံစားလို့ရသလို သဘာဝအလှလေးတွေလဲပေါတယ်. နောက်ပြီး ဒီခရီးက နောက်သွားမယ့် လနဲ့ချီကြာမယ့် ခရီးစဉ်တွေအတွက် Trial trip ဆိုတော့ သိပ်လဲမဝေးတဲ့နေရာမှာဆိုတော့ ကိုယ့်လိုအပ်ချက်တွေနဲ့ တော်တော်လေးကိုက်နေလို့ရွေးဖြစ်သွားတာ။
မသွားခင်ဘယ်လိုခံစားရလဲဆိုတော့ excited ဖြစ်တယ် ဖြစ်ပါ့မလားလို့ သံသယ စိတ်နည်းနည်းရှိတယ်, ကြောက်လားဆိုတော့ ကြောက်တဲ့စိတ်တော့ သိပ်မရှိဖူး အစတည်းက safe ဖြစ်တဲ့ နိုင်ငံကို ရွေးထားတာကိုး 😜
ပထမပုံက မသွားခင် သုံးရက်အလိုက ToDo list သိပ်မများပါဖူး. 😂 မသွားခင် တစ်ပတ်အလိုလောက်မှာ Women Traveler & Backpacker in Singapore group က meetup တစ်ခုသွားတော့ အဲဒီကကောင်မလေးတစ်ယောက်က သူလဲ ဧပရယ်နောက်ဆုံးပတ် AU သွားမှာတဲ့ ကိုယ့်ကို itinerary ပြင်ပြီးပြီလားဆိုတော့ မပြင်ရသေးဖူး ဆိုတော့ မျက်လုံးပြူးသွားတယ် 😂 အမှန်က ကိုယ်သွားချင်တဲ့မြို့တွေရယ် နေရာတွေရယ် စိတ်ထဲမှာရှိတယ် ရက်အတိအကျ နေရာအတိအကျသာ fixed plan လုပ်မထားတာ. 
ဒုတိယပုံက ယူသွားတဲ့ ပစ္စည်းတွေ ၁၂ ရက်စာ ဟိုမှာ laundry လုပ်ဖို့ စိတ်ကူးမရှိတော့ ၁၂ ရက်စာအဝတ်လောက်အောင်သယ်သွားရတယ် ဒီအထုတ်လေးတွေနဲ့ အပို ဖိနပ်နှစ်ရံပါ ကျောပိုးအိတ်ထဲ ကာအောင်ထည့်ရတယ်. Packing skill ကတော့တော်တော်တိုးတက်လာပြီ.
မသွားခင် မလုပ်မဖြစ်လုပ်ရတာက ကိုယ်သွားမယ့်နေရာတွေရဲ့ offline maps တွေ download လုပ်ရတယ် Booking confirmation, flight & train ticket တွေကို Cloud မှာလဲ upload လုပ် ဖုန်းထဲမှာလဲ offline available ဖြစ်အောင် လုပ်ထားရတယ်.
သွားပြီးပြန်လာတော့ ဘယ်လိုခံစားရလဲဆိုတော့ ကိုယ့်ကိုကိုယ် confidence ပိုရလာတယ် ကိုယ်လုပ်ချင်တာ ကိုယ်သွားချင်တာကို ကိုယ့်ဘာသာကို စီစဉ်ပြီး အဆင်ပြေအောင် manage လုပ်နိုင်ခဲ့လို့ တော်တော်လေး စိတ်ကျေနပ်သွားတယ် ☺️ အဆင်ပြေတာကတော့ပြေလွန်းလို့ခက်နေတယ် လမ်းတောင် နည်းနည်းလေးမှမမှားခဲ့ဖူး 😂 ကိုယ်က မြို့ထဲမှာ သွားနိုင်သမျှ လျှောက်နိုင်သမျှ လျှောက်ကြည့်ချင်တဲ့လူဆိုတော့ တခါတလေ Google Maps ကပြောတဲ့လမ်းအတိုင်းမသွားဘဲ ပိုကြာမယ့်လမ်းကို ရွေးသွားလိုက်တယ် တစ်နေ့တစ်နေ့လမ်းလျှောက်တဲ့အချိန်က ငါးနာရီကနေ ၇/၈ နာရီလောက် ရှိမယ်. Melbourne မှာဆို ဘာ transportation card မှမဝယ်ဘဲဂလမ်းလျှောက်လိုက် အလကားစီးလို့ရတဲ့ Tram လေးစီးလိုက်နဲ့ ငါးရက်နေလာတာ 😂
အဓိကပြောချင်တာက တစ်ယောက်တည်း ခရီးသွားတာ အန္တရာယ် ဒီလောက်မများပါဖူးလို့ ကိုယ်က ဉာဏ်လေးသုံးတတ်ဖို့နဲ့ သတိရှိဖို့ပဲလိုတာ. သူငယ်ချင်းတွေထဲမှာ တစ်ယောက်တည်းသွားချင်ပြီး ဖြစ်ပါ့မလားလို့ စဉ်းစားနေတဲ့လူတွေ ရှိလို့ .
တစ်ယောက်တည်းနဲ့ ကမ္ဘာပတ်နေတယ်ဆိုတာ တခြားနိုင်ငံတွေမှာတော့ မထူးဆန်းလှဖူး ခုမှစပြီး ပွင့်လင်းခါစ မြန်မာနိုင်ငံမှာတော့ အဲလိုသွားတဲ့လူ မရှိဖူး မဟုတ်ဖူး ရှိတော့ ရှိတယ် ဒါပေမယ့်ရှားတယ်.
(တော်သေးပြီ နောက်မှဆက်ရေးတော့မယ်. မနက် ရုံးကို ကိုးနာရီအရောက်သွားရဦးမယ်😫😴)
Wednesday, July 20, 2011
Android Debug Certificate Expired Problem
Are you aware that Android debug certificate is only valid for one year/365 days? After your certificate’s expired, you’ll see the following error message while compiling android application.
Error generating final archive:
Debug certificate expired on 7/15/11 7:00 PM!
You need to generate a new keystore to fix that error
1) Delete the current keystore
You can find the location of keystore in Eclipse (Preferences -> Android -> Build -> Default Debug keystore). It should be under ~/.android/debug.keystore (Linux and Mac OS X) and %USERHOME%/.android (Windows).
2) In Eclipse, Clean the project (Project -> Clean )
3) Close Eclipse and reopen Eclipse
Eclipse will generate a new keystore when you try to build your application.
Another way is you can create your own certificate with this command.
keytool -genkey -v -keystore debug.keystore -alias androiddebugkey -storepass android -keypass android -keyalg RSA -validity [days]