Thursday, August 30, 2007

SoftWare Programming in C++ for Structure of Females!

SoftWare Programming in C++ for Structure of Females!

struct female_professionals
{
double styles;
short skirts;
long time_to_understand_problems;
float mind;
void knowledge;
char non_co-operative;
}
struct married_females
{
double weight;
short tempered;
long gossip;
float hopes;
void word;
char unstable;
}
struct engaged_females
{
double time_on_phone;
short attention_on_work;
long boast;
float on_cloud_nine;
void understanding;
char edgy;
}
struct newly_married_females
{
double dinner_invitation;
short time_at_work;
long lunch_break;
void bank_balance;
char hen_pecked;
}
struct husband_wife_professionals
{
double income;
short tempered;
long time_no_see_each_other;
void love_life;
char money_making;
}
struct beautiful_city_girl
{
double boyfriends;
short affairs;
long stories;
void greymatter;
char flirt;
}
struct old_lady
{
double chin ;
short memory;
long sighs ;
void attention_from_men;
char chatterbox;
}
ကိုယ့်ဘာသာကိုယ်ဘယ် Structure နဲ့ကိုက်မလဲဆိုတာစဉ်းစားကြည့်ဖို့မမေ့နဲ့နော် .. :P

Cute Calculation

Amazing Math







Even Bill Gates Got Confused

Even Bill Gates Got Confused!!!!!!!!!!!!!!!!!!!!!! !!!!!!!!


This is for your action......
Its really not accepted YOU WON'T BELIEVE THIS!!!!..........but that is
the truth....... ......... ......

An Indian discovered that nobody can create a FOLDER anywhere on the
computer which can be named as "CON".

This is something pretty cool...and unbelievable. .. At Microsoft the
whole Team, including Bill Gates, couldn't answer why this happened?

So, inform about this to all your friends. Try it now, it will not
create " CON " Folder.

Try to rename the New Folder as CON or con It will not Accept

Thursday, August 23, 2007

ဆရာတော် ဦးဥတ္တမသာရ၏ အမှန်တရားများ။

််Forward Mail တစ်ခုကရထားတာလေးပါ...

ဆရာတော် ဦးဥတ္တမသာရ၏ အမှန်တရားများ။

-တည်မြဲမှု လုံးဝမရှိခြင်းသည်သာ သက်ရိှ၊သက်မဲ ့အားလုံးတို ့၏ ဘယ်တော့မှ မပြောင်းလဲသော အမှန်တရား။

-မတည်မြဲတာကိုက သဘာဝတရား၊ အမြဲနားလည်လက်ခံနေနိုင်ဖို ့သာ ကြိုးစား။

-မတရားနဲ.နေရင်တရားနဲ.နေလို.မရဘူး။
-မတရားရှိနေလို. မအားတာပါ။မအားရင် ဆင်းရဲနေပါလိိမ်.မယ်။ အားရင်ချမ်းသာပါပြီ။ လောဘ၊ဒေါသ၊မောဟ တွေ ကြောင်. ငါထင်ပြီး မအားတာပါ။ တရားအားထုတ်မှ အားသွားပါလိိမ်.မယ်။ ငါမထင်ရင် ငါ.ကိစ္စကို မရှိတော.ဘူး။ ဒါဆိုအားပါပြီ။အားရင်ချမ်းသာပါပြီ။ -တနေ ့တနေ ့…. ကိုယ် ့တဏှာနဲ ့ကိုယ် အအားမရိှအောင် ချာချာလည်နေကြတာဘဝပါဘဲ။

-ဘာမှမဟုတ်တဲ ့အလုပ်ကို မလုပ်တတ်လို ့ဟိုလုပ်ဒီလုပ် လျှောက်လုပ်နေတာ။ ဘာမှမဟုတ်တဲ ့အလုပ်ကို ကြီးတတ်သွားခြင်းဟာ လိုလေးသေးမရိှ ပြီးပြည့်စုံသွားခြင်း ပါ ။

-များများသိစရာမလိုပါဘူး။များများသိ၊ များများမာန်တက်ပြီး တော ့မှ ၊များများဘဝင်မြင် ့နေတဲ့ လောကကြီးနဲ ့တော ့တခြားစီပါဘဲ ။

-အနိစ္စ၊ဒုက္ခ၊အနတ္တကို ငါ ့လင်၊ငါ ့သား၊ငါ ့မယား၊ငါ ့ သား၊ငါ ့သမီး၊ငါ ့အမေ၊ငါ ့အဖေ၊ ဆိုပီး သိမ်းပိုက်ထားတဲ ့အတွက်ပူရဘီပေါ ့။

-လှသလောက် အကျည်းတန်ရပီး လန်းသလောက်နွမ်းရတာချည်းဘဲ။

-သံသရာခရီးမှာ အခုလိုအကန်း၊အကန်းချင်း အားကိုးနေလို ့ ဘယ်မှမရောက်နိုင်ဘဲ ၊(၃၁)ဘုံထဲမှာ ချာချာလည်နေတာပါ။

-ဖြစ်လေရာဘဝ၊ရောက်လေရာနေရာမှာ ငါ၊ငါ ့ဥစ္စာဖြစ်ဖို ့ချည်းသာအဆုံးမရိှအောင် လုပ်နေကြတာ ဘဝပါဘဲ။

-ကိုယ်ဖန်ဆင်းထားတဲ ့ကိုယ် ့ဘဝအတွက်တော ့၊ကိုယ်ဟာ မရိှမဖြစ်၊အရေးပါအရာရောက်သူချည်းဖြစ်နေတယ်လို ့ထင်ရတာပါဘဲ။တကယ်တော ့ ကိုယ့်တဏှာနဲ ့ကိုယ်ရှုတ်နေတာ။

-အသိဉာဏ်ရှိတဲ ့လူ ့ဘဝမှာတောင်ကောင်းတာမလုပ်ရင်၊ ဒုက္ခရောက်နေသူကိုတောင် ကူညီရကောင်းမှန်းမသိတဲ ့တိရစ္ဆာန် ဘဝမျိုးရောက်သွားရင် ကောင်းမှုဘယ်လိုလုပ်တော ့မလဲ။

-ဘာမဆိုစိတ်ပါဘဲ ၊ဖြစ်ချင်ရင် ဘာမဆိုဖြစ်တာပဲ။ ဘာမှမဖြစ်ဖို ့သာ ခက်တာပါ။

-ခန္ဓာကို ငါထင်ရင် ၀ိုင်းနိှပ်စက်သမျှငါချည်းခံပေတော ့။

-ဘာမှမဟုတ်တာကို အဟုတ်ကြီးမှတ်ပြီး ကျေနပ်သာယာနေတာ ဘဝပါဘဲ။

-ကိုယ့်တဏှာနဲ ့ကိုယ်တော ့အ ရူးအမူးအငမ်းမရချည်းပါဘဲ။ ဘယ်ဘဝမှ အရူးမကင်းဘူး။

-သူ ့လောကနဲ ့သူတော ့ကိုယ်လိုတဏှာကောင် ၊ မာနကောင်တွေနဲ ့ ပြည့်နှက်နေတာ ပါဘဲ။

-ငါဆိုတဲ့မာန်မာနရိှနေသရွေ ့ကတော ့ကိုယ်လို မာန်မာနနဲ ့သူချင်းအဆုံးမရိှအောင် ပြိုင်ဆိုင်ရုံဘဲ။

-ပြိုင်တယ်ဆိုထဲက အရှုံးချည်းဘဲ ။ နဲနဲရှု ံးတာနဲ ့များများရှုံးတာသာ ကွာတယ်။

-ဘာမှမဟုတ်တာကို အဟုတ်မှတ်ပီး အရေးတကြီးလုပ်နေတာ လောကပါဘဲ။

-မဟုတ်တာကို အဟုတ်လုပ်ထားတော ့ ဟုတ်တာဘာမှန်းကို မသိတော ့ဘူး။

-တငါငါနဲ ့နေချင်သလိုနေတဲ ့ မတရားကြောင် ့ဖြစ်တဲ ့ရောဂါကို တရားအားကိုးနဲ ့ ရှင်းမှသာ ဝေဒနာမရိှမှန်း ၊ဝေဒနာဆိုတာ ဘာမှမဟုတ်မှန်းသိပြီး ဝေဒနာနိှပ်စက်တာ နောက်ခံရစရာမရိှအောင်ကို အမြစ်ပြတ်လွတ်မြောက်ပါတယ် ။

-တရားအားကိုးရင်၊အားကိုးသလောက် ကိုယ် ့ရဲ ့..အတိတ်၊ပစ္စုပ္ပန်၊ အနာဂတ် လိုအင်ဆန္ဒတွေကို တရားကဖြည့်ဆည်းပေးပါလိမ် ့မယ်။

-တရားကိုသာ အချိန်ပြည့်အားကိုးလိုက်ရင်တော ့ ဘာမှလိုလေသေးမရိြှပီးပြည့်စုံအောင် တရားကဘဲ စီမံသွားပါလိမ် ့မယ်။ တရားအားကိုးတစ်ခုသာ ရိှရင် ကျန်တာ ဘာမှမလိုတော ့ပါဘူး။

-တရားအားထုတ်တာဟာ သဘာဝတရားနဲ. တွေ.ခွင်.ရဖို. ဘဲ။

ဖြစ်နေတာတွေက အမှန်တရား၊ မဆိုင်မှန်းသိတ့့ဲ အနတ္တ ဉာဏ်ရဖို. စာမေးပွဲဖြေတာ။

-နိရောဓသစ္စာဆိုတာ ၊ နိဗ္ဗန် ရဲ့အဓိပ္ပါယ်။ မရှိတဲ့ ဆင်းရဲမွဲတေမှှုတွေ ချုပ်ငြိမ်းသွားတာ။ ရောဂါတွေ ပျောက်သွားတာ။ ဘာအပူမှ မရိှတော့တာ။

-တရားအသိဉာဏ် တခုသာ သိအောင် ကြိုးစားပါ။ အားကိုးပါ။ ဒီတရားက လမ်းခင်းပေးသွားလိိမ်.မယ်။

-ပညာတခု သိတာနဲ. ပြီးပြည်.စုံသွားတာပါဘဲ။

-ကိုယ် ့ဘဝလေးကို ငါယောကျင်္ား၊ ငါမိန်းမဆိုပီး ကျစ်ကျစ်ပါ အောင် ဆုတ်ကိုင်မထားနဲ ့။

တရားက စိတ်ကို ၊ ကာယကံ၊၀ဇီကံ၊မနောကံတွေကို ၊ စွန် ့လွှတ်ခြင်းပါ။ ကြောက်တတ်လို ့ဆုတ်ကိုင်ထားတာပါ ။ ကိုယ် ့ဘဝလေးကို အဆုံးရံှုး မခံရဲလို ငါ ့ ရိုးတွေ၊ ငါ ့ သွေးတွေ၊ ငါ ့ အသားတွေ၊ ငါ ့စိတ်ပဲဆိုပီး တော ့မှ ၊ငါ၊ငါ ့ဥစ္စာဆိုပီး သိမ်းပိုက်ထားတာပါ။အဲ ့ဒီကြောက်တဲ ့စိတ်ကို မကြောက်တဲ ့စိတ် ဖြစ်ဖို ့၊မစွန် ့လွှတ်ရဲတဲ ့စိတ်ကို စွန် ့လွှတ်ရဲဖို ့၊ မပြုလုပ်ပဲနေနိုင်ရဲဖို ့၊ ပြုလုပ်နေမှ ငါလုပ်နေတယ်ဆိုပီး ပြုလုပ်သမျှ တငါငါနဲ ့သိမ်းပိုက်ပီး တော ့မှ ..ကိုယ် ့ရဲ ့ဘဝလေးကို ကိုယ်ကာကွယ် စောင် ့ရှောက်နေတဲ ့အလုပ်ကို ..စွန် ့လွှတ်ရဲ မှ ဘဝမရိှတာကို သိမယ်....

-မြင်ပြီးပျက်သွားတာ.. မြင်ပြီးမရှိတော.တာ.. ကိုရိှတယ်ထင်ပြီး ငါမြင်တယ်

ဆိုပြီး တငါငါနဲ ့အဖြစ်တွေ စိတ်ဝင်စား နေတယ်။

….အမျိုးမျိုး မြင် နေရတာကို သဘောကျနေတယ်။ မြင် ပြီးရင်း မြင် ချင်နေတာ။

….အမျိုးမျိုး ကြား နေရတာကို သဘောကျနေတယ်။ ကြား ပြီးရင်း ကြား ချင်နေတာ။

….အမျိုးမျိုး န ံ နေရတာကို သဘောကျနေတယ်။ နံ ပြီးရင်း နံ ချင်နေတာ။

….အမျိုးမျိုး စား နေရတာကို သဘောကျနေတယ်။ စား ပြီးရင်း စား ချင်နေတာ။

….အမျိုးမျိုး ဝေဒနာတွေ ခံစား နေရတာကို သဘောကျနေတယ်။ ဝေဒနာတွေ ခံစား ပြီးရင်း ဝေဒနာတွေ ခံစား ချင်နေတာ။

….အမျိုးမျိုး သိ နေရတာကို သဘောကျနေတယ်။ သိ ပြီးရင်း သိ ချင်နေတာ။

….အမျိုးမျိုး တွေး နေရတာကို သဘောကျနေတယ်။ တွေး ပြီးရင်း တွေး ချင်နေတာ။


သံသရာ လည်တယ်ဆိုတာ..တဖြစ်ထဲ ဖြစ်နေတာကိုပဲ မသိတဲ ့အတွက် ဖြစ်ဆဲ ဖြစ်ဆဲ သဘောလေးတွေ အပေါ်မှာတငါငါနဲ ့သိမ်းပိုက်ပြီး လည်ရတာချည်းဘဲ။

-တရားကရိြှပီးသားမို့…စာအုပ်တေွထဲလျှောက်ရှာမနေဘဲ ခန္ဓာမှာ ဓါတ်ကြီး၄ပါး ဖောက်ပြန်တာွေ ဘဲသိအောင် ကြိုးစားစေချင်ပါတယ်။ လေ့ကျင့်မှုုများလာတာနဲ ့အမျှ သဘာဝစာအုပ်ကြီးက ပြောတဲ ့ အမှန်တရားတွေကို ရင်အတွင်းနှလုံးသားအတွင်းက နက်နက်နဲနဲကြီးသိလာပါလိမ့်မယ် လို ့ဆရာတော် က အာမခံထားပါတယ်..

( ဘာဘဲညာဘဲမစဉ်းစားနဲ ့..ဘာဆိုဘာမှမဟုတ်ဘူး။)

(ထုံးတမ်းစဉ်လာ တွေပြောင်းပြန်လှန်ပြီး ကြိုးစားကြည် ့ပါ တဲ ့။)

အချိန်ရရင်တော ့

အဝိဇ္ဇာမှ ၀ိဇ္ဇာသို ့တရားအလှူတော်လုပ်ငန်း

အမှတ်၄၅

၄၅ လမ်း

ဗိုလ်တထောင်မြို ့နယ်

ရန်ကုန်မြို ့

ကို နေ ့စဉ်နံနက်တိုင်း ၈နာရီ၃၀မိနစ် မှ ၁၀နာရီ အထိ ဆရာတော်တရားပေးပါတယ်။ ဆရာတော် သင်ကြားညွှန်ပြတဲ ့ အတိုင်း လာရောက်တရားထိုင်နိုင်ပါတယ်။ တရားဆိုလို ့ ပါဋိတွေနဲ ့ဟောခြင်းမဟုတ်ပါ။ အမှန်တရားတွေကို ဆရာတော်ရဲ ့ အနတ္တပညာနဲ ့ သင်ကြားပေးခြင်းပါ။ နံနက်ပိုင်း ဒီအချိန်တွေ မအားရင် လဲ… မိမိ အားတဲ ့ အချိန်လာရောက်နိုင်ပါတယ်။ တနေကုန် တရားအခွေဖွင် ့ပေးထားပါတယ်။

ဒီwebsite လေးတွေထဲမှာ ဘာလုပ်လုပ်၊ ဘယ်နေရာရောက်ရောက် .. အလွယ်တကူနဲ ့ကျင် ့လို ့ရတဲ ့နည်းတွေရှိပါတယ်။

http://venuottmasara.multiply.com

http://www.uottamathara.blogspot.com

http://www.uottamasara.blogspot.com

http://www.realenlightenment.org


pls read it and listen and practice

http://venuottamasara.multiply.com/music/item/624

Poem

သင်သေသွားသော် ...

သြော် လူ့ပြည်လောက၊ လူ့ဘဝကား၊
အိုရ နာရ၊ သေရ ဦးမည်၊
မှန်ပေသည်တည့်။

သို့တပြီကား၊ သင်သေသွားသော်၊
သင်ဖွားသောမြေ၊ သင်တို့မြေသည်၊
အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏။

သင်၏အမျိုးသား၊ စာစကားလည်း၊
ကြီးပွားတက်မြင့်၊ ကျန်ကောင်းသင့်၏။

သင်ဦးချ၍၊ အမျှဝေရာ၊
စေတီသာနှင့်၊ သစ္စာအရောင်၊
ဉာဏ်တန်ဆောင်လည်း၊
ပြောင်လျက် .. ၀င်းလျက် ကျန်စေသတည်း။

ဇော်ဂျီ

တာရာမင်းဝေအမှတ်တရ

ကျောင်းဖွင့်ချိန်
(၁)
ငါတို့ကျောင်းတော်ကြီးရဲ့
မော်ကွန်းထိန်းသိမ်းရေးအခန်းမှာ
ဟစ်တလာရုပ်ထုကို
လူတစုထုဆစ်နေကြတယ်။
သူတို့ဟာ ...
ရုပ်တုရဲ့ရှေ့မှာ ကျိန်စာတွေရွတ်ဖတ်
ပျားရည်စက်တွေကို မီးရိှု့ပူဇော်
ဆိုင်ရာနိုက်ဖြူလျော်လျော်တွေ သွန်းကြဲပက်ချ
ဟစ်တလာပါးစပ်ထဲက
ကျည်ဆန်တတောင့် ထွက်အံကျလာတယ်။
သူတို့ဟာ ...
ကျောက်သင်ပုန်းပေါ်မှာ အဲဒီကျည်ဆံနဲ့
“ကျောင်းဖွင့်ပြီ” ဆိုတဲ့ စာကိုရေး
သွေးစွန်းလက်တွေနဲ့ ပျူငှာစွာ
ဖိတ်ခေါ်ကြပါပြီ။

(၂)
ငါတို့ကျောင်းတော်ကြီးရဲ့
ဟောင်းနွမ်းနေတဲ့ အခန်းလွတ်တခုဟာ
တဖြည်းဖြည်း နှစ်ငါးဆယ်လောက်ပြန်ငယ်ရွယ်သွားတယ်၊
အရင်က မမြင်ရတဲ့ ဟိုတုန်းက အရိပ်တွေ
နံရံတွေ၊ ခုံတန်းလျားတွေဆီက လွန့်လူးထ
အဲဒါ ... “အောင်ဆန်း” တို့၊ “ကျော်ငြိမ်း” တို့၊ “သိန်းဖေ” တို့၊ “ညိုမြ” တို့ရဲ့
၀ိညာဉ်တွေပဲ ...
ဗမာပြည်လွတ်လပ်ရေးကို သူတို့မြတ်နိုး
ဗမာပြည်လွတ်လပ်ရေးအတွက် သူတို့ရုန်းကန်
အာဏာရှင်ကို ဖီဆန်ခဲ့ကြတယ်။
ခု ... သူတို့ရဲ့ ၀ိညာဉ်တွေဟာ
“ကမ္ဘာမကြေဘူး ... ... ...
ငါတို့သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတေး ...”
သီချင်းလေး နားဆင်ရင်း
ရာဇဝင်ရဲ့ တကျော့ပြန်စိမ်ခေါ်ပဲွကို
မျက်ရည်တဝဲဝဲနဲ့ စောင့်ကြည့်နေပါတယ်။

(၃)
ငါတို့ကျောင်းတော်ကြီးရဲ့
ဒီဘက်ခေတ် ၁၉၈ရ - ၈၈ နှစ်များထဲမှာပါ
တက္ကသိုလ်စာကြည့်တိုက်ထဲမှာ
ဖြူဝါးဝါးအရိပ်တချို့
စာထိုင်ဖတ်နေကြတယ်။
တခိျု့ဖတ်တာ .. ကဗျာစာအုပ်
တချို့ဖတ်တာ .. သမိုင်းစာအုပ်
တခိျု့ဖတ်တာ .. နိုင်ငံရေးစာအုပ်
ရုတ်တရက်
အဖြူရိပ်တခုဟာ ထိုင်ရာကထ
“ဗမာပြည်ကို ကယ်တင်ရတော့မယ်”
နောက်ထပ် အဖြူရိပ်တခု စာအုပ်ပိတ်
“ဗမာပြည်ကို ကယ်တင်ရတော့မယ်
ဗမာပြည်ကို ထိတ်တုံးချွတ်ပေးရမယ်”
သူတို့ဟာ တိတ်ဆိတ်စွာ
အခန်းပြင်ကို ထွက်သွားကြပါတော့တယ်။
စာကြည့်တိုက်ရဲ့ စာအုပ်ပိတ်သံများ
လွယ်အိပ်လွယ်သံများ
ဖိနပ်စီးသံများ အဆုံးမှာ
နောက်ထပ် အဖြူရိပ်တခု ထပ်ထွက် ...
... ... နောက်ထပ် ... ...
... ... နောက်ထပ် ... ...

(၄)
ငါတို့ကျောင်းတော်ကြီးရဲ့
စာမသင်ဖြစ်တဲ့ စာသင်ခန်းတခုမှာ
အရိုးစုတအုပ် အစည်းအဝေးလုပ်နေတယ်။
အရိုးစုတခုက ... ထိုင်ရာမှ ဖြည်းညှင်းစွာထ
“ကျနော်တို့ တော်လှန်ရေး
အာဏာရှင်တွေ နောက်ဆုံးနေ့အထိ”
စသည်ဖြင့် ပြောကြား
အားလုံးငြိမ်သက်နားထောင်နေကြတယ်။
အခန်းထဲမှာ
အကျဉ်းထောင်က ပြေးထွက်လာတဲ့
ဗိုလ်ချုပ်ရဲ့ မိန့်ခွန်းတွေ
သတ္တိဗုံးကို နှောင်ထုံးခတ်
ပတ်ကြားအက်နေတဲံ ရန်သူ့မျက်နှာတွေ
အဲဒီမှာ ... အရိုးစုတခုက လက်သီးဆုပ်
သူ့နှုတ်က တိုးတိုးလေးပြော
“တောက အဖေန့ဲအမေတော့
ကျနော့်ကို မျှော်နေကြတော့မယ်ဗျာ”
ကြေကွဲစွာ သူ့မျက်လုံးပေါက်တဲက
မျက်ရည်ဖြူတစက်
စီးသက်ကျလာတယ်။

(၅)
ငါတို့ကျောင်းတော်ကြီးရဲ့
ပရဝဏ် အဝင်အထွက်လမ်းတွေမှာ
အချုပ်ကားပြာပြာကြီးတွေ
ဒရကြမ်းနှင်နေကြတယ်။
အဲဒီကားကြီးတွေထဲမှာ
“ကမ္ဘာမကြေ၊ ဗမာပြေ .. ဒါတို့ပြေ
ဒါတို့ပြေ ..တို့ပိုင်တဲ့ မြေ” ဆိုတဲ့
တေးသံသာယာ
ညီညာစွာ ပဲ့တင်ပေါ်ထွက်
ကျောင်းသားလက်တွေ သွေးစိမ့်ယိုစီးခဲ့ပြီ
အချုပ်ကားပြာပြာကြီးရဲ့ ဦးထိပ်မှာ
သူတို့ရဲ့ တံဆိပ် ... တို့ရဲ့အလံ
ဦးခေါင်းခွံမှာ အရိုးနှစ်ချောင်း ကန့်လန့်ဖြတ်ထားတဲ့ သဏ္ဍန်သာ ဖြစ်တယ်။
ကျောင်းခေါင်းလောင်းအိုကြီးဟာ
ထွက်ခွာသွားတဲ့ အချုပ်ကားနောက်
ပြေးလိုက်ခလုပ်တိုက်ပြီး လဲပြိုကျ
ခိျုလွင်ရှတတဲ့ ခေါင်းလောင်းသံထွက်ရမယ့်အစား
“သားရေ အမေ လိုက်ရှာနေတယ်လေ .. သားရေ”
ဆိုတဲ့ ငိုရှိုက်ညည်းတွားသံအဖြစ်နဲ့သာ
ရာဇဝင်တုန်ခါအောင် မြည်ဟည်းလာခဲ့ပြီ။

(၆)
ငါတို့ကျောင်းတော်ကြီးရဲ့
နီမောင်းသောလမ်းကြီး၊ လမ်းငယ်များမှာ
ဒေါင်းအလံတလူလူလွှင့်ထူလို့
ကျောင်းသားတွေ ခီျလာပါပြီ
ရင်တအုံလုံးပွင့်ထွက်နေတဲ့ ကျောင်းသားက
ရှေ့ဆုံကအလံကိုင်ပြီး သွေးပွက်ပွက်အန်ထွက်နေတဲ့
ကျောင်းသားတွေက
နောက်က ခီျတက်လိုက်ပါလာတယ်။
“ဒီမိုကရေစီရရှိရေး ... တို့အရေး”
“အာဏာရှင်စနစ်ကျဆုံးရေး ... တို့အရေး” တဲ့။
ကိုယ့်ကိုယ်ကိုယ် တခါတည်း အသုဘချရင်း
တိုက်ပဲွဝင်ခဲ့ကြရတဲံ ငါတို့ရ့ဲတော်လှန်ရေး
ဘယ်တော့မှ ... အရံှုးမပေးဘူးဟေ့ ...
သေနတ်သံတချက်ဖောက်ရင်
ရာဇပလ္လင်မီးဟုန်းဟုန်းတောက်သွားမယ် ...
နောက်ဆုံးနေ့အထိ ...

(၇)
ငိုက်မြည်းနေတဲ့ အင်းလျားရေပြင်ဟာ
ရုတ်တရက် ရဲရဲနီစွေးသွားတယ်။
ချက်ခြင်းပဲ ရေငွေ့ပျံတက်
ကောင်းကင်ထက်မှာ တိမ်အဖြစ် မိုးစက်ခို
ကျောင်းတော်ကြီးကို မိုးသွေးတွေ ပြန်ရွာချ
လျှပ်တြွေပက်၊ မိုးတြွေခိမ်း ... ... ...
ဒိန်းဒုံး ဆူညံသွားတယ် ...
အဲဒီအခါ ... ကျောင်းတော်မှာ ...
ပန်းတွေ ဖျတ်ကနဲ ပွင့်ကြ
ငှက်ဆိုးတွေ ဝေါကနဲ ထပံျကြ
သစ်ရွက်တွေ တလက်လက်တောက်ပကြ
ခုံတန်းလျားတွေ အုတ်ဂူအဖြစ်ပြောင်းလဲကြ
မြေကြီးတွေ တုန်ခါတော်လဲကြ
တို့အရေး .. တို့အရေး .. တို့အရေး .. တို့အရေး
ကြွေးကြော်သံတွေနဲ့
ဗမာပြည်ကြီး တဝုန်းဝုန်းရုန်းကန်
နိုးထပြီး နောက်ဆုံးငြိမ်သက်သွားတဲ့အခါ
ငါတို့ကျောင်းတော်ကြီးဟာ ... ...
တလဲ့လဲ့ တဝင်းဝင်း
သွေးနီရောင် တောက်ပခါ ...
အာဇာနည် သူရဲကောင်းတို့ရဲ့
ဂူဗိမာန်ကြီးပမာသာ တည်ရှိနေပါတော့တယ် ...။

(၈)
ကျောင်းသားတွေနဲ့ ကျောင်းတော်ကြီးကြား
ခု ... သွေးပင်လယ်ကြီးခြားနေပါပြီ ...
“ကျောင်းဖွင့်ပြီ” ဆိုတဲ့ အာဏာရှင်တွေဟာ
သွေးပင်လယ်ကြီးကို ကျော်နင်း
ထုံးတံတားကြီးကို ကျော်ခင်းပေးတယ်။
တချို့တွေက ကျောင်းတက်လာကြလိမ့်မယ် ...
အဲဒီထဲက တချို့ဟာ ...
“အကြောင်းကြောင်းကြောင့်ပါ” လို့
စိတ်မကောင်းစွာပြောရင်း ...
ထုံးတံတားကို လျှောက်နင်း ...
ကျောင်းခန်းအတွင်း ၀တ္တရားအရထိုင်
ငါတို့ ... နားလည်ခွင့်လွှတ်နိုင်ပါတယ် ...
တချို့ကတော့ ...
“ဂုဏ်တုဂုဏ်ပြိုင်” ကောင်းကြောင်းပြောရင်း
ထုံးနံ့သင်းတဲ့ ပန်းခင်းကိုဖြတ် ...
ရီးစားထားဖို့ ကျောင်းပြန်တက်လိမ့်မယ်။
အဲဒီလို ... လူစားတွေကိုတော့ ...
ငါတို့က ခွင့်လွှတ်သည့်တိုင်အောင်
ရာဇဝင်က ခွင့်မလွှတ်သရွေ့
သူတို့ဟာ ... သမိုင်းမှာ ...
“သစ္စာဖောက်” များသာဖြစ်တယ်။

(၉)
ကျောင်းသားနဲ့ကျောင်း
တနေ့တော့ ပေါင်းရမှာပဲ
ငါတို့တွေ သွေးပင်လယ်ကို ဖြတ်ကူးပြီး
ကျောင်းကြီးဆီ အရောက်သွားကြမယ်။
သွေးပင်လယ်ကြီးဟာ
တငွေ့ငွေ့ပူခြစ် ဆူပွက်
ထက်ကောင်းကင် မုန်တိုင်းတို့ အစပိျုး
သွေးလှိုင်းတံပိုး တဝုန်းဝုန်းပြင်းထန်
ငါတို့တွေ
ငါတို့တွေ လှည့်မပြန်ဘူး၊
ငါတို့ထဲက တချို့ဟာ ...
ကိုယ့်အရိုးကိုယ်ချိုး လှေအဖြစ်ထွင်းထု
ငါတို့အထဲက တချို့ဟာ ...
ကိုယ့်အသားကိုယ်လှီး လှေနံရံအဖြစ် ခင်းရိုက်
ငါတို့အထဲက တခိျု့ဟာ ...
ကိုယ့်လက်ဖဝါး ကိုယ်ရိုက်ဖြတ်
လှေရွက်အဖြစ် စပ်ချုပ်
မုန်တိုင်းကို ခဲွဝင်
သွေးပင်လယ်ကို ဖြတ်ပြီး
ကျောင်းတော်ကြီးဆီသွားဖို့
လုပ်နေတယ်...။

(၁၀)
နောက်ဆုံးမှာ ...
ဒေါင်းအလံကို ... ဇြောင်းဆန်အောင် လွှင့်ထူရင်း
အမှန်တရားတခုထံ
ငါတို့ သစ္စာအဓိဌာန်ပြု
အို ... သူရဲကောင်းတို့
အို ... ကျဆုံးခဲ့လေသော
ဒီမိုကရေစီ တိုက်ပဲွဝင်
သူငယ်ချင်းဟောင်း ...
သူရဲကောင်းတို့
ထာဝစဉ်မပျက်ပြယ်နိုင်လောက်အောင်
မြင့်မြတ်စွာ ကျဆုံးခဲ့သော ...
သင်တို့၏ဝိညာဉ်တန်ခိုးတော်များသည်
ငါတို့၏ရှေ့နောက်ဝဲယာ ...
ထက်အောက်ဝန်းကျင်၌
ပံျ့နှံ့တည်ရှိကြကုန်တော့၏။
ထိုသော ...
သင်တို့၏ဝိညာဉ်တန်ခိုးတော်များသည်
ငါတို့၏ခန္ဓာကိုယ်နေရာအနှံ့အပြားသို့
ထိုးဖောက်ယိုစိမ့်စီးဝင်ကာ
ရဲရင့်ခြင်းမှာ ငါတို့အားဖြစ်တည်စေတော့၏။
အို ... သူရဲကောင်းတို့
အို ... ကျဆုံးလေသော
ဒီမိုကရေစီတိုက်ပဲွဝင်
သူငယ်ချင်းဟောင်း သူရဲကောင်းတို့
ဗမာပြည်ကို ရှိခိုးကာ
ဤသွေးပင်လယ်အား
ငါတို့ ဖြတ်ကူအံ့
မိုးလုံးပြည်ကောင်းချီးသြဘာပေးသံများကြားမှာ
ငါတို့၏ အရေးတော်ပုံ အောင်မြင်ပါစေသတည်း။ ။

(ရွှေဘုန်းလူ)

Friday, August 17, 2007

Poem


သူငယ်ချင်းတစ်ယောက်ရဲ့blog မှာမဟုတ်တရုတ်သွားရှုပ်ထားတာလေးပါ ( အဟဲ...ဆားချက်နည်းတစ်မျိုးပေါ့ :P )
အပေါ်ကကဗျာ က မူရင်းကဗျာပါ...
အဲဒါကိုဒီလိုလေးပြန်ပြင်ပြီး comment သွားပေးခဲ့ပါတယ်... ( upgrade လုပ်ပေးလိုက်တာပါ... :P )
chatting ထိုင်မိလို့
မင်းနဲ့ငါ ခင်ခဲ့ကြတယ်...
chat ပြီးရင်း chat ရင်းနဲ့
မင်းနဲ့ငါ သံယောဇဉ် ဖြစ်ခဲ့ကြတယ်...
နောက်ထပ် chat စရာလူတွေ့တော့
မင်းနဲ့ငါ သူစိမ်းဆန်ခဲ့ကြတယ်.....
အော်... တကယ်တော့လဲ ..
chat စရာလူတွေပေါပါတယ်ကွယ်.... :P ;P
Present for KZin from Poet NayNay

Thursday, August 16, 2007

ဆဲွမိဆွဲရာ


I don't want to tell anything about the cases occurred within these few days. I just wanna draw the above picture.

Monday, August 6, 2007

ဦးမင်းလူနှုတ်ထွက်သွားခြင်း

ကျွန်မအကြိုက်ဆုံးစာရေးဆရာတွေထဲက တစ်ယောက်ဖြစ်တဲ့ ဦးမင်းလူရဲ့ ကဗျာလေးတစ်ပုဒ်ပါ....
ဦးမင်းလူနှုတ်ထွက်သွားခြင်း
ယောကျာ်းပီသတယ််ဆိုတာ
ကိုယ်နိုင်တဲ့လူကို ဖိတွယ်တတ်တာဆိုရင်
ရိုးသားတယ်ဆိုတာ
သူများမကောင်းကြောင်းနဲ့ ကိုယ်ကောင်းကြောင်းကို
မကွယ်မဝှက်ဖွင့်ပြောတတ်တာဆိုရင်
ကြိုးစားတယ်ဆိုတာ
ကိုယ့်မိသားစုကောင်းစားရေးတစ်ခုတည်းအတွက် ကြံစည်တာဆိုရင်
ဂုဏ်သရေရှိတယ်ဆိုတာ
သူတပါးအပေါ် အထက်စီးကဆက်ဆံခွင့်ရတာဆိုရင်
အားကိုးရတယ််ဆိုတာ
ညွှန်ကြားရေးမှုးချုပ်ရဲ့ပီအေနဲ့ခင်တယ်ဆိုတာကို ပြောတာဆိုရင်
မင်းရဲ့ဧည့်သည်တော်စာရင်းထဲက ငါ့နာမည်ရဲ့ဘေးမှာ
ရာသက်ပန်ဖျက်သိမ်း ဆိုတာလေး တဆိတ်လောက် တေးမှတ်ထားလိုက်စမ်းပါကွယ်...
မင်းလူ(၁၉၈၀)