Sunday, January 14, 2018

Diary of My Broken Ankle

Day 39 (13-Jan-2018) Removed the plaster cast


မေန႔ကေတာ့ အမွတ္တရေန႔ေလး တစ္ေန႔ေပါ့ေနာ္ ... ေျခေထာက္ ဒဏ္ရာရၿပီးကတည္းက ပတ္တီးႀကီးနဲ႔ မေပါ့မပါးေနခဲ႔ရတာ မေန႔ကစၿပီးေတာ့ လြတ္လြတ္လပ္လပ္ ျပန္ျဖစ္သြားၿပီ ☺️ ဆရာဝန္က ေျခာက္ပတ္ေလာက္ဆို ျပန္လာျပ ျဖည္လို႔ရေလာက္ၿပီဆိုလို႔ ေျခာက္ပတ္မျပည့္ခင္ သံုးရက္အလို သြားျပလိုက္တယ္ မေနႏိုင္ေတာ့လို႔၊ ဒီရက္ပိုင္း ညဘက္အိပ္ခါနီးဆို ေျခခ်င္းဝတ္နားက ယားယားေနတာ ႏွစ္ည သံုးည ရွိၿပီ၊ အစကတည္းက ေတာ္ေတာ္နဲ႔ အိပ္မေပ်ာ္တတ္ပါဖူးဆိုမွ။ ရန္ကုန္ျပန္ေရာက္စက ျပတဲ႔ ေဆးခန္းမဟုတ္ပဲ ေလ့က်င့္ခန္းပါ လုပ္လို႔ရတဲ႔ ေဆးခန္းသြားျပတာ ကံေကာင္းခ်င္ေတာ့ ေဆးခန္းက သန္႔ၿပီး ဆရာဝန္ကိုေရာ ကိုယ့္ေရွ႕ကလူနာေတြကိုေရာ သိပ္မေစာင့္လိုက္ရဖူး၊ ကံဆိုးခ်င္ေတာ့ သူတို႔က ပတ္တီး ျဖည္မေပးဖူး ပတ္တီးျဖည္ၿပီိးလို႔ ေလ့က်င့္ခန္းလုပ္တဲ႔အဆင့္မွ သူတို႔ဆီ ျပန္လာခဲ႔ပါတဲ႔ ထူးထူးျခားျခားပဲ၊ သူတို႔ဆီ လာတဲ႔ လူနာေတြကို ပတ္တီးစီးေပးလိုက္တာေတာ့ ေတြ႕သားပဲ၊ သူတို႔ ေဆးခန္းမွာ စျဖစ္စကတည္းက လာျပတဲ႔လူ မဟုတ္လို႔လားေတာ့ မသိဖူး။ ဘာမွသာ လုပ္မေပးလိုက္တာ စုစုေပါင္း ၁၃,၅၀၀ ေပးခဲ႔ရတယ္၊ သူတို႔ဆီမွာ လုပ္မေပးဖူးဆိုတာရယ္ ေျခေထာက္ပံုမွန္အတိုင္း ျပန္ျဖစ္ေအာင္ ေလ့က်င့္ခန္း လုပ္ရမယ္ဆိုတာရယ္ ဘယ္ေနရာေတြမွာ သြားလုပ္လို႔ရတယ္ဆိုတာရယ္ ေျပာျပေပးလိုက္လို႔ 😜 ေဆးခန္းစေရာက္ထဲက ေကာင္မေလးတစ္ေယာက္က စာရြက္ေလးေတြ(သူတို႔ စီးပြားေရးအတြက္ ေၾကာ္ျငာစာရြက္ေတြ စားေသာက္ဆိုင္ကပါေသးတယ္) လာေပးၿပီး ေျပာတယ္ စာအုပ္ဖိုး ၁၅၀၀ ေပးရမယ္တဲ႔ အိုေက ေပးမယ္ေပါ့ ကိုယ္ကကိုယ့္ကို ဘယ္ေလာက္ကုန္မလဲ အသိေပးရံုမွတ္တာ ဘယ္ဟုတ္မလဲ ခ်က္ခ်င္းေပးရမွာတဲ႔ ျဖစ္မွ ျဖစ္ရေလ ထြက္ေျပးသြားမွာ က်ေနတာပဲ ဒီက ေဆးရံုေဆးခန္းေတြမွာ ပိုက္ဆံႀကိဳေပးရတဲ႔ ထံုးစံ ရွိတာလားေတာ့မသိ။ ၁၃,၅၀၀ ေပးရၿပီး ဘာမွ လုပ္မေပးလိုက္ေပမယ့္ ထမနဲ တစ္ဘူးေတာ့ ရလိုက္တယ္ အလႈလုပ္ေနတာတဲ႔ လာတဲ႔ လူနာတိုင္းကို ေပးေနတယ္ ထမနဲေလးက ေကာင္းမွေကာင္း 😋 ႀကိဳက္တာ တစ္ခုကေတာ့ ဆက္ဆံေရးေကာင္းတာပဲ ဝန္ထမ္းေတြေရာ ဆရာဝန္ေတြေရာ ဝန္ေဆာင္မႈေကာင္းတယ္။ ဆရာဝန္ဆိုလဲ ျပံဳးျပံဳးရႊင္ရႊင္နဲ႔ လူကို လူလို ဆက္ဆံတယ္ တခ်ိဳ႕ ဆရာဝန္ေတြလို မေမာက္မာဖူး American Vision က မ်က္စိစမ္းေပးတဲ႔ ဆရာဝန္မဆိုရင္ မ်က္ႏွာေက်ာကတင္း စကားေျပာရင္လဲ အထက္စီးက သူ႔ကို အလကား လာကုခိုင္းတာက်ေနတာပဲ။ ျပံဳးျပံဳးရႊင္ရႊင္ေလးေျပာေတာ့ လူနာလဲ စိတ္ခ်မ္းသာတာေပါ့။
ပတ္တီးျဖည္ၿပီးေပမယ့္ လမ္းေလွ်ာက္လို႔ မရေသးဖူး ေဆးခန္းမွာ ေလွ်ာက္ၾကည့္တာ ေတာ္ေတာ္နာတယ္ ေခါင္းမူးၿပီး အသက္ရႈမဝျဖစ္လာလို႔ ခုတင္ေပၚ ခနလွဲၿပီး နားလိုက္ရေသးတယ္။ အဲဒါနဲ႔ ဆရာဝန္က ေနာက္ႏွစ္ပတ္ေလာက္ ေလ့က်င့္ခန္းပဲလုပ္ လမ္းမေလွ်ာက္နဲ႔ဦးလို႔မွာထားတယ္။ ဒီမွာ ကုတဲ႔နည္းစနစ္က ဒီလိုပဲ တစ္ကိုယ္လံုးက အေလးခ်ိန္သံုးၿပီး တန္းလမ္းေလွ်ာက္ခိုင္းတာလားမသိ။ Forum ေတြရယ္ က်မ္းမာေရးနဲ႔ဆိုင္တဲ႔ website ေတြ ဝင္ဖတ္ၾကည့္ေတာ့ တျခားႏိုင္ငံေတြမွာဆိုရင္ ပတ္တီးျဖည္ၿပီးရင္ aircast/walking boot နဲ႔ အရင္က်င့္ခိုင္းတယ္။ အဲဒါေလးေတြက ကိုယ္အေလးခ်ိန္ကို နည္းနည္းခ်င္းစီတိုးသြားၿပီး ေလွ်ာက္လို႔ရတယ္။ ဒီမွာေတာ့ အဲလို မလုပ္ခိုင္းဖူးထင္တယ္။ ဒီမွာ aircast ဝယ္လို႔ရတဲ႔ ဆိုင္/ေဆးခန္း သိရင္လည္း ေျပာျပၾကပါဦး ... 😁
My youtube history changed from music to this 😂
https://youtu.be/ZNRKWaGOILI
https://youtu.be/XHNzIZ2CNJI



Day 40 First day of full-body shower 😊
Nothing can make me happier than shower at the moment 😂
ဗီယက္နမ္မွာတုန္းက ေဆးရံုသြားတဲ႔ အေတြ႕အၾကံဳလဲ ေရးရဦးမယ္၊ ျပန္ေရာက္တည္းက ေရးမယ္ဆိုၿပီး စာေရးဖို႔ ပ်င္းေနတာနဲ႔ မေရးျဖစ္ဖူး ခရီးသြားမွတ္တမ္း ေရးတဲ႔သူေတြအတြက္ ရဖို႔မလြယ္တဲ႔ ကိုယ္ေတြ႕ အေတြ႕အၾကံဳေလးေတြ 😜😜
(ျမန္မာလို စာလံုးေပါင္းေတြ မွားေနရင္ ခြင့္လႊတ္ပါ 😁)

Unicode

Day 39 (13-Jan-2018) Removed the plaster cast
မနေ့ကတော့ အမှတ်တရနေ့လေး တစ်နေ့ပေါ့နော် ... ခြေထောက် ဒဏ်ရာရပြီးကတည်းက ပတ်တီးကြီးနဲ့ မပေါ့မပါးနေခဲ့ရတာ မနေ့ကစပြီးတော့ လွတ်လွတ်လပ်လပ် ပြန်ဖြစ်သွားပြီ ☺️ ဆရာဝန်က ခြောက်ပတ်လောက်ဆို ပြန်လာပြ ဖြည်လို့ရလောက်ပြီဆိုလို့ ခြောက်ပတ်မပြည့်ခင် သုံးရက်အလို သွားပြလိုက်တယ် မနေနိုင်တော့လို့၊ ဒီရက်ပိုင်း ညဘက်အိပ်ခါနီးဆို ခြေချင်းဝတ်နားက ယားယားနေတာ နှစ်ည သုံးည ရှိပြီ၊ အစကတည်းက တော်တော်နဲ့ အိပ်မပျော်တတ်ပါဖူးဆိုမှ။ ရန်ကုန်ပြန်ရောက်စက ပြတဲ့ ဆေးခန်းမဟုတ်ပဲ လေ့ကျင့်ခန်းပါ လုပ်လို့ရတဲ့ ဆေးခန်းသွားပြတာ ကံကောင်းချင်တော့ ဆေးခန်းက သန့်ပြီး ဆရာဝန်ကိုရော ကိုယ့်ရှေ့ကလူနာတွေကိုရော သိပ်မစောင့်လိုက်ရဖူး၊ ကံဆိုးချင်တော့ သူတို့က ပတ်တီး ဖြည်မပေးဖူး ပတ်တီးဖြည်ပြီိးလို့ လေ့ကျင့်ခန်းလုပ်တဲ့အဆင့်မှ သူတို့ဆီ ပြန်လာခဲ့ပါတဲ့ ထူးထူးခြားခြားပဲ၊ သူတို့ဆီ လာတဲ့ လူနာတွေကို ပတ်တီးစီးပေးလိုက်တာတော့ တွေ့သားပဲ၊ သူတို့ ဆေးခန်းမှာ စဖြစ်စကတည်းက လာပြတဲ့လူ မဟုတ်လို့လားတော့ မသိဖူး။ ဘာမှသာ လုပ်မပေးလိုက်တာ စုစုပေါင်း ၁၃,၅၀၀ ပေးခဲ့ရတယ်၊ သူတို့ဆီမှာ လုပ်မပေးဖူးဆိုတာရယ် ခြေထောက်ပုံမှန်အတိုင်း ပြန်ဖြစ်အောင် လေ့ကျင့်ခန်း လုပ်ရမယ်ဆိုတာရယ် ဘယ်နေရာတွေမှာ သွားလုပ်လို့ရတယ်ဆိုတာရယ် ပြောပြပေးလိုက်လို့ 😜 ဆေးခန်းစရောက်ထဲက ကောင်မလေးတစ်ယောက်က စာရွက်လေးတွေ(သူတို့ စီးပွားရေးအတွက် ကြော်ငြာစာရွက်တွေ စားသောက်ဆိုင်ကပါသေးတယ်) လာပေးပြီး ပြောတယ် စာအုပ်ဖိုး ၁၅၀၀ ပေးရမယ်တဲ့ အိုကေ ပေးမယ်ပေါ့ ကိုယ်ကကိုယ့်ကို ဘယ်လောက်ကုန်မလဲ အသိပေးရုံမှတ်တာ ဘယ်ဟုတ်မလဲ ချက်ချင်းပေးရမှာတဲ့ ဖြစ်မှ ဖြစ်ရလေ ထွက်ပြေးသွားမှာ ကျနေတာပဲ ဒီက ဆေးရုံဆေးခန်းတွေမှာ ပိုက်ဆံကြိုပေးရတဲ့ ထုံးစံ ရှိတာလားတော့မသိ။ ၁၃,၅၀၀ ပေးရပြီး ဘာမှ လုပ်မပေးလိုက်ပေမယ့် ထမနဲ တစ်ဘူးတော့ ရလိုက်တယ် အလှုလုပ်နေတာတဲ့ လာတဲ့ လူနာတိုင်းကို ပေးနေတယ် ထမနဲလေးက ကောင်းမှကောင်း 😋 ကြိုက်တာ တစ်ခုကတော့ ဆက်ဆံရေးကောင်းတာပဲ ဝန်ထမ်းတွေရော ဆရာဝန်တွေရော ဝန်ဆောင်မှုကောင်းတယ်။ ဆရာဝန်ဆိုလဲ ပြုံးပြံုးရွှင်ရွှင်နဲ့ လူကို လူလို ဆက်ဆံတယ် တချို့ ဆရာဝန်တွေလို မမောက်မာဖူး American Vision က မျက်စိစမ်းပေးတဲ့ ဆရာဝန်မဆိုရင် မျက်နှာကျောကတင်း စကားပြောရင်လဲ အထက်စီးက သူ့ကို အလကား လာကုခိုင်းတာကျနေတာပဲ။ ပြံုးပြံုးရွှင်ရွှင်လေးပြောတော့ လူနာလဲ စိတ်ချမ်းသာတာပေါ့။

ပတ်တီးဖြည်ပြီးပေမယ့် လမ်းလျှောက်လို့ မရသေးဖူး ဆေးခန်းမှာ လျှောက်ကြည့်တာ တော်တော်နာတယ် ခေါင်းမူးပြီး အသက်ရှုမဝဖြစ်လာလို့ ခုတင်ပေါ် ခနလှဲပြီး နားလိုက်ရသေးတယ်။ အဲဒါနဲ့ ဆရာဝန်က နောက်နှစ်ပတ်လောက် လေ့ကျင့်ခန်းပဲလုပ် လမ်းမလျှောက်နဲ့ဦးလို့မှာထားတယ်။ ဒီမှာ ကုတဲ့နည်းစနစ်က ဒီလိုပဲ တစ်ကိုယ်လုံးက အလေးချိန်သုံးပြီး တန်းလမ်းလျှောက်ခိုင်းတာလားမသိ။ Forum တွေရယ် ကျမ်းမာရေးနဲ့ဆိုင်တဲ့ website တွေ ဝင်ဖတ်ကြည့်တော့ တခြားနိုင်ငံတွေမှာဆိုရင် ပတ်တီးဖြည်ပြီးရင် aircast/walking boot နဲ့ အရင်ကျင့်ခိုင်းတယ်။ အဲဒါလေးတွေက ကိုယ်အလေးချိန်ကို နည်းနည်းချင်းစီတိုးသွားပြီး လျှောက်လို့ရတယ်။ ဒီမှာတော့ အဲလို မလုပ်ခိုင်းဖူးထင်တယ်။ ဒီမှာ aircast ဝယ်လို့ရတဲ့ ဆိုင်/ဆေးခန်း သိရင်လည်း ပြောပြကြပါဦး ... 😁


Day 40 First day of full-body shower 😊
Nothing can make me happier than shower at the moment 

ဗီယက်နမ်မှာတုန်းက ဆေးရုံသွားတဲ့ အတွေ့အကြုံလဲ ရေးရဦးမယ်၊ ပြန်ရောက်တည်းက ရေးမယ်ဆိုပြီး စာရေးဖို့ ပျင်းနေတာနဲ့ မရေးဖြစ်ဖူး ခရီးသွားမှတ်တမ်း ရေးတဲ့သူတွေအတွက် ရဖို့မလွယ်တဲ့ ကိုယ်တွေ့ အတွေ့အကြံုလေးတွေ 😜😜

(မြန်မာလို စာလုံးပေါင်းတွေ မှားနေရင် ခွင့်လွှတ်ပါ 😁)







😂




အလြဲမ်ားနဲ႔ ျမန္မာျပည္ ၁




ဒီတစ္ေခါက္ စကၤာပူကျပန္လာေတာ႔ ေလဆိပ္က လူ၀င္မႈၾကီးၾကပ္ေရး မွာ ၾကံဳခဲ႔ရတာေလး
Immigration counter မွာ လြန္ခဲ႔တဲ႔ ႏွစ္လ သံုးလကမွ လုပ္ထားတဲ႔ passport ေလး ေပးလိုက္ေတာ႔ လူ၀င္မႈၾကီးၾကပ္ေရး ၀န္ထမ္းက ေမးတယ္ ႏိုင္ငံကူးလတ္မွတ္အေဟာင္း စာအုပ္ျပပါတဲ႔၊ ခု သံုးေနတဲ႔ စာအုပ္က အသစ္လုပ္ထားတာမၾကာေသးဖူး၊ စာအုပ္အေဟာင္းက ပါလာတယ္ ဒါေပမယ္႔ လြယ္ထားတဲ႔အိတ္ထဲက အလြယ္တကူ ထုတ္လို႔ မရတာနဲ႔ မပါဖူးပဲ ျပန္ေျဖလိုက္တယ္၊ အဲဒီေတာ႔ သူ႔မ်က္ႏွာက စိတ္အလိုမက်တဲ႔ ပံုစံမိ်ဳးနဲ႔ ဘာလို႔ မပါရတာလဲ ဘာညာေပါ႔ေနာ္ ရစ္တယ္၊ ဘာလို႔ စာအုပ္ အေဟာင္းလိုတာလဲလို႔ ျပန္ေမးေတာ႔ ခ်က္ခ်င္း ျပန္မေျဖဖူး သူ႔ဟာသူ ဘာေတြ အလုပ္ရႈပ္ေနတာလဲ မသိဖူး.. ခနေနမွ ျမန္မာႏိုင္ငံကေန ဘယ္ရက္ထြက္သြားတယ္ ဆိုတာ စာအုပ္အေဟာင္းထဲက ၾကည္႔႔မွ ရမွာတဲ႔ အဲဒါနဲ႔ သူ႔ကို စာအုပ္အသစ္ထဲမွာ အရင္ စာအုပ္အေဟာင္းနံပါတ္ပါတယ္လို႔ အဲဒါနဲ႔ ျပန္စစ္ၾကည္႔လိုက္ေပါ႔လို႔ေျပာလိုက္တယ္ အဲဒီေတာ႔မွ စာအုပ္ကို ဟိုလွန္ဒီလွန္နဲ႔ ဆက္လုပ္တယ္ ျပီးေတာ႔ ပြစိပြစိနဲ႔ သူက အလကားေမးတာ မဟုတ္ေၾကာင္း လိုလို႔ေမးတာ ဘာျဖစ္တယ္ ညာျဖစ္တယ္နဲ႔ ေျပာျပီးမွ stamp ေလးေပးျပီး သြားခိုင္းေတာ႔တယ္။ အရင္တုန္းကလဲ passport အသစ္ လဲဖူးပါတယ္။ တစ္ခါမွ စာအုပ္ အေဟာင္းကို immigration မွာ ျပခိုင္းတာ မၾကံဳဖူးပါဘူး။ ခုမွဘာျဖစ္သြားလဲ မသိဖူး။ စာအုပ္အသစ္က ဘယ္စာအုပ္အေဟာင္းအတြက္ ထုတ္ေပးထားတယ္ဆိုတာ system ထဲမွာ ရိွသင္႔တာေပါ႔။ စကၤာပူမွာတုန္းက bank မွာ passport အသစ္ သြား update လုပ္ေတာ႔ စာအုပ္ႏွစ္အုပ္လံုးေပးလိုက္တာ အဲဒီက ၀န္ထမ္းက မလိုဖူးတဲ႔ ေနာက္ဆို စာအုပ္အသစ္ပဲ ယူလာ အဲဒီထဲမွာ အေဟာင္းနံပါတ္ ပါျပီးသားဆိုျပီးေျပာတယ္။ အစိုးရရံုးေတြ လူ၀င္မႈၾကီးၾကပ္ေရးတို႔ MOM တို႔ဆိုရင္ online ကေနျဖည္႔ျပီး တင္ေပးရံုပဲ လူေတာင္ သြားစရာမလိုဖူး၊ ကိုယ္႔ႏိုင္ငံက ဆင္းရဲဲျပီး မဖြံျဖိဳးေသးတဲ႔ ႏိုင္ငံဆိုေတာ႔ အဲလိုမ်ိဳး စနစ္တက် မရိွေသးတာကို လက္ခံလို႔ ရေပမယ္႔ ၾကိဳျပီး အသိမေပးတာေတာ႔ လက္ခံလို႔ မရဖူး။ တကယ္လို႔ စာအုပ္ႏွစ္အုပ္လံုး သယ္ေစခ်င္တယ္ဆိုလဲ အသစ္လဲ ကတည္းက အေဟာင္းကိုပါျပရမယ္ ဆိုတာ အသိေပးထားရင္ အဆင္ေျပေသးတယ္။ ခုေတာ႔ ဘာမွန္းမသိ.ကိုယ္ပဲ ေတာသူရုပ္ေပါက္ေနလို႔ အခ်ဥ္ဖမ္းျပီး ပိုက္ဆံေတာင္းလို႔ ရမယ္ ထင္တာလား policy ပဲေျပာင္းသြားတာလား မသိဖူး။

မေကာင္းတဲ႔အေၾကာင္းေျပာျပီးသြားေတာ႔ ေကာင္းတာေလးလည္း ခ်ီးက်ူးမွျဖစ္မယ္။ ဗီယက္နမ္ကျပန္လာတုန္းက wheelchair ေလးနဲ႔ဆိုေတာ႔ ေလဆိပ္က ဆင္းကတည္းက ၀န္ထမ္းေကာင္ေလးတစ္ေယာက္လာေခၚျပီး အိတ္ေတြဘာေတြ ေရြးေပး ျပီးေတာ႔ အေရွ႔မွာ ကားေရာက္တဲ႔အထိ ေစာင္႔ေပးတယ္ ကားေတြက ပိတ္ေနေတာ႔ အၾကာၾကီးပဲ ေစာင္႔ေနရလို႔ သူ႔ကို tip ေလးေပးလိုက္တာ ကိုယ္႔ကို ၾကည္႔ျပီး သနားလို႔ထင္တယ္ မယူပါဖူး အစ္မရယ္တဲ႔ ျငင္းေနတာနဲ႔ မနည္းေပးလိုက္ရတယ္။ ေလဆိပ္မွာ ဒီလို သေဘာေကာင္းတဲ႔ ၀န္ထမ္းေလးေတြလဲ ရိွပါတယ္။ ဒါေပမယ္႔ wheelchair service ကအလကားရတာ မဟုတ္ဖူး AirAsia ကို ၁၅ ေဒၚလာ ေပးျပီး ၀ယ္ထားရတာ။ :(

Unicode
ဒီတစ်ခေါက် စင်္ကာပူကပြန်လာတော့ လေဆိပ်က လူဝင်မှုကြီးကြပ်ရေး မှာ ကြုံခဲ့ရတာလေး  

Immigration counter မှာ လွန်ခဲ့တဲ့ နှစ်လ သုံးလကမှ လုပ်ထားတဲ့ passport လေး ပေးလိုက်တော့  လူဝင်မှုကြီးကြပ်ရေး ၀န်ထမ်းက မေးတယ် နိုင်ငံကူးလတ်မှတ်အဟောင်း စာအုပ်ပြပါတဲ့၊ ခု သုံးနေတဲ့ စာအုပ်က အသစ်လုပ်ထားတာမကြာသေးဖူး၊ စာအုပ်အဟောင်းက ပါလာတယ် ဒါပေမယ့် လွယ်ထားတဲ့အိတ်ထဲက အလွယ်တကူ ထုတ်လို့ မရတာနဲ့ မပါဖူးပဲ ပြန်ဖြေလိုက်တယ်၊ အဲဒီတော့ သူ့မျက်နှာက စိတ်အလိုမကျတဲ့ ပုံစံမျိုးနဲ့ ဘာလို့ မပါရတာလဲ ဘာညာပေါ့နော် ရစ်တယ်၊ ဘာလို့ စာအုပ် အဟောင်းလိုတာလဲလို့ ပြန်မေးတော့ ချက်ချင်း ပြန်မဖြေဖူး သူ့ဟာသူ ဘာတွေ အလုပ်ရှုပ်နေတာလဲ မသိဖူး.. ခနနေမှ မြန်မာနိုင်ငံကနေ ဘယ်ရက်ထွက်သွားတယ် ဆိုတာ စာအုပ်အဟောင်းထဲက ကြည့့်မှ ရမှာတဲ့ အဲဒါနဲ့ သူ့ကို စာအုပ်အသစ်ထဲမှာ အရင် စာအုပ်အဟောင်းနံပါတ်ပါတယ်လို့ အဲဒါနဲ့ ပြန်စစ်ကြည့်လိုက်ပေါ့လို့ပြောလိုက်တယ် အဲဒီတော့မှ စာအုပ်ကို ဟိုလှန်ဒီလှန်နဲ့ ဆက်လုပ်တယ် ပြီးတော့ ပွစိပွစိနဲ့ သူက အလကားမေးတာ မဟုတ်ကြောင်း လိုလို့မေးတာ ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့ ပြောပြီးမှ stamp လေးပေးပြီး သွားခိုင်းတော့တယ်။ အရင်တုန်းကလဲ passport အသစ် လဲဖူးပါတယ်။ တစ်ခါမှ စာအုပ် အဟောင်းကို immigration မှာ ပြခိုင်းတာ မကြံုဖူးပါဘူး။ ခုမှဘာဖြစ်သွားလဲ မသိဖူး။ စာအုပ်အသစ်က ဘယ်စာအုပ်အဟောင်းအတွက် ထုတ်ပေးထားတယ်ဆိုတာ system ထဲမှာ ရှိသင့်တာပေါ့။ စင်္ကာပူမှာတုန်းက bank မှာ passport အသစ် သွား update လုပ်တော့ စာအုပ်နှစ်အုပ်လုံးပေးလိုက်တာ အဲဒီက ၀န်ထမ်းက မလိုဖူးတဲ့ နောက်ဆို စာအုပ်အသစ်ပဲ ယူလာ အဲဒီထဲမှာ အဟောင်းနံပါတ် ပါပြီးသားဆိုပြီးပြောတယ်။ အစိုးရရုံးတွေ လူဝင်မှုကြီးကြပ်ရေးတို့ MOM တို့ဆိုရင် online ကနေဖြည့်ပြီး တင်ပေးရုံပဲ လူတောင် သွားစရာမလိုဖူး၊ ကိုယ့်နိုင်ငံက ဆင်းရဲဲပြီး မဖွံဖြိုးသေးတဲ့ နိုင်ငံဆိုတော့ အဲလိုမျိုး စနစ်တကျ မရှိသေးတာကို လက်ခံလို့ ရပေမယ့် ကြိုပြီး အသိမပေးတာတော့ လက်ခံလို့ မရဖူး။ တကယ်လို့ စာအုပ်နှစ်အုပ်လုံး သယ်စေချင်တယ်ဆိုလဲ အသစ်လဲ ကတည်းက အဟောင်းကိုပါပြရမယ် ဆိုတာ အသိပေးထားရင် အဆင်ပြေသေးတယ်။ ခုတော့ ဘာမှန်းမသိ.ကိုယ်ပဲ တောသူရုပ်ပေါက်နေလို့ အချဉ်ဖမ်းပြီး ပိုက်ဆံတောင်းလို့ ရမယ် ထင်တာလား policy ပဲပြောင်းသွားတာလား မသိဖူး။ 



မကောင်းတဲ့အကြောင်းပြောပြီးသွားတော့ ကောင်းတာလေးလည်း ချီးကျူးမှဖြစ်မယ်။ ဗီယက်နမ်ကပြန်လာတုန်းက wheelchair လေးနဲ့ဆိုတော့ လေဆိပ်က ဆင်းကတည်းက ၀န်ထမ်းကောင်လေးတစ်ယောက်လာခေါ်ပြီး အိတ်တွေဘာတွေ ရွေးပေး ပြီးတော့ အရှေ့မှာ ကားရောက်တဲ့အထိ စောင့်ပေးတယ် ကားတွေက ပိတ်နေတော့ အကြာကြီးပဲ စောင့်နေရလို့ သူ့ကို tip လေးပေးလိုက်တာ ကိုယ့်ကို ကြည့်ပြီး သနားလို့ထင်တယ် မယူပါဖူး အစ်မရယ်တဲ့ ငြင်းနေတာနဲ့ မနည်းပေးလိုက်ရတယ်။ လေဆိပ်မှာ ဒီလို သဘောကောင်းတဲ့ ၀န်ထမ်းလေးတွေလဲ ရှိပါတယ်။ ဒါပေမယ့် wheelchair service ကအလကားရတာ မဟုတ်ဖူး AirAsia ကို ၁၅ ဒေါ်လာ ပေးပြီး ၀ယ်ထားရတာ။ :(